တိုက်ကြီးမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုက်ကြီးမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး


တိုက်ကြီး၊ နိုဝင်ဘာ  ၁၂

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုမှ ကြိုတင် ကာကွယ်နိုင်ရေး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က အ.ထ.က (မြို့မ) ကျောင်းစုရပ်၌ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံ ပေးရာတွင် ကာကွယ်ဆေးမထိုးမီ ကျောင်းသားကျောင်းသူများ၏ မိဘအုပ်ထိန်းသူမှ ဖြည့်စွက်ပေးသည့် ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအတွက် မိဘ အုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက် အထောက်အထားများပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊    သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုင်းတာခြင်း ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးမှတ်တမ်း ရေးသွင်းစေခြင်းတို့ ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထား ရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီး နောက် နာရီဝက်ခန့် စောင့်ကြည့်ခြင်း တို့ကို မြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ ၊ ဆရာမများ နှင့် လူမှုရေး အသင်းအဖွဲ့များက ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ပါသည်။

တိုက်ကြီးမြို့နယ် အ.ထ.က(မြို့မ) ကျောင်းစုရပ်တွင် နိုဝင်ဘာ လ ၁၂ ရက်နေ့၌ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်း(၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၄၇၂)ဦး၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(၃)ကျောင်းမှ ကျောင်းသား၊ကျောင်းသူ (၂၃၃)ဦး၊ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ (၁၇)ဦး၊ အခြေခံ ပညာ မူလတန်းလွန်ကျောင်း(၇)ကျောင်းမှ ကျောင်းသားကျောင်းသူ(၆၄)ဦး၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း(၂)ကျောင်းမှ ကျောင်းသားကျောင်းသူ(၁၃၈)ဦး နှင့် ကိုယ်ပိုင်ကျောင်း (၁)ကျောင်းမှ ကျောင်းသားကျောင်းသူ (၃၂)ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ (၉၅၆)ဦး အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကာကွယ်ဆေး များ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သတင်း - စန်းကလျာခိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)