သီပေါ နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) စတုတ္ထအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို မြို့ပေါ်ဆေးထိုးစုရပ်နေရာဖြစ်သည့် မြို့တော်ခန်းတွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ထိုးနှံရာတွင် သီပေါမြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့အထိ လူဦးရေ စုစုပေါင်း(၃၁၄၅)ဦးအား ထိုးနှံပေးခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများကို ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံပေးသည့် စုရပ်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က ကြီးကြပ်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများပူးပေါင်း၍ လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်း - ခင်လေး(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment