တောင်ဥက္ကလာပမြို့နယ်တွင် ဝါယာကြိုးများ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်တွင် ဝါယာကြိုးများ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား



ရန်ကုန်၊ နိုဝင်ဘာလ  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဗြဟ္မစိုရ်လမ်းတွင် ယနေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဗြဟ္မစိုရ်လမ်း၊  RCနှစ်ထပ်၊ အဆောက်အဦအပေါ်ထပ်တွင် နှစ်ကာလကြာမြင့်ပြီး ဆွေးမြေ့နေသော ဝါယာကြိုးများကို ယာယီသွယ်တန်းထားရာမှ အပူလွန်ကဲပြီး အောက်ရှိ အဝတ်အထည်များပေါ်သို့ မီးပွားကျရာမှ တစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အရှေ့ပိုင်းခရိုင်မီးသတ်ဦးစီးဌာနမှ အဖွဲ့ဝင် (၁၂၇)ဦး၊ အရန်မီးသတ်(၂၈)ဦး၊ မီးသတ်ယာဉ်(၁၂)စီး၊ ရေသယ်ယာဉ်(၃)စီး၊ ကွပ်ကဲမှု ယာဉ်(၁)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်း သွားခဲ့ကြောင်းနှင့်  လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)