မုဒုံ၊ နိုဝင်ဘာ ၁၂
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး စတုတ္ထ အသုတ် (ပထမအကြိမ်) ထိုးနှံပေးခြင်းကို မြို့မ(၄)ရပ်ကွက် ကန်ကြီးသာသနာ့ဗိမ္မာန်တော် အပါအဝင် ဆေးထိုးစုရပ်(၁၃)နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မုဒုံမြို့နယ်အတွင်းရှိ အသက် ( ၁၈ )နှစ်နှင့် အထက် ဒေသခံပြည်သူများအား နေ့စဉ်နံနက် ၉ နာရီမှစတင်ကာ ထိုးနှံပေးလျက်ရှိပြီး နိုဝင်ဘာ ၉ ရက်နေ့မှ နိုဝင်ဘာ ၁၁ ရက်နေ့ထိ စတုတ္ထအသုတ် (ပထမအကြိမ်) ထိုးနှံပေးပြီးသူ (၁၁၄၈) ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် မုဒုံမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသူ လူဦးရေပေါင်း (၅၃၁၀၅)ဦး ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
သတင်း - အောင်မျိုးသူ(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment