ဟိုပန်ကျေးရွာအုပ်စုနေ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟိုပန်ကျေးရွာအုပ်စုနေ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ


ကာလိ၊ နိုဝင်ဘာ   ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ၊ ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စုနေ ပြည်သူများ အား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို  နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်က အခြေခံပညာအလယ်တန်းကျောင်း၌ ကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းတွင် ဟိုပန်ကျေးရွာအုပ်စုမှ ဟိုပန်ကျေးရွာ ၊ ဝမ်ဆတ် ကျေးရွာ ၊ ပန်လုံကျေးရွာ ၊ နမ့်မော်ငင်းကျေးရွာ ၊ နောင်ခမ်းကျေးရွာ ၊ နားလီလိုင်ကျေးရွာ ၊ နမ့်လန်ကျေးရွာ ၊ နားကန်ကျေးရွာ ၊ ဝမ်မိုင်ကျေးရွာ ၊ ဆိုင်းခေါင်ကျေးရွာရှိ  ပြည်သူများ (၁၅၉)ဦး တို့အား ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများထိုးနှံနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေး ခဲ့ပြီးမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံပြီးကြောင်း ဆေးလက်မှတ်များကို ပေးအပ်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် ဟိုပန်ကျေးရွာစု အုပ်ချုပ်ရေးမှူး ဦးစိုင်းအုန်းပွင့်နှင့် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင် ရာဝန်ထမ်းများတို့က သွားရောက်ကူညီဆောင်ရွက်၍ ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - ကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)