သွေးစွန်းခဲ့သော ဆွမ်းတစ်နပ် (၁၁ - ၁၁ - ၂၀၂၁) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သွေးစွန်းခဲ့သော ဆွမ်းတစ်နပ် (၁၁ - ၁၁ - ၂၀၂၁)



NLDပါတီက ဖွဲ့စည်းတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေ ပေါ်ပေါက်လာပြီးနောက်ပိုင်း နေ့ရက်တိုင်းဟာ ကြေကွဲဝမ်းနည်းစရာတွေ ဖြစ်ပေါ်နေတဲ့ ဝမ်းနည်းမှတ်တမ်းနေ့စွဲတွေ အဖြစ် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီခရီးအစ ၂၀၁၂ က ရခိုင်ပြည်နယ်မှာ ခိုးဝင်ဘင်္ဂလီတွေက ရခိုင်တိုင်းရင်းသူလေး မသီတာထွေးကို ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့ကြတဲ့အပေါ်မှာ တိုင်းရင်းသားလူငယ်တွေ မခံနိုင် မရပ်နိုင်ဖြစ်ပြီး အမျိုးသားရေး လှုပ်ရှားမှုကြီး ပေါ်လာရတယ်။ မသီတာထွေး ကွယ်လွန်ခဲ့ရတဲ့ (၂၈ - ၅ - ၂၀၁၂) ဆိုတဲ့ နေ့ရက်ကို ဝမ်းနည်းမှတ်တမ်းအဖြစ်နဲ့ ကျွန်တော်တို့တွေ ကောင်းမှု ကုသိုလ်ပြု နှစ်စဉ်အမျှပေးဝေခဲ့ကြတယ်။ အလားတူ မိတ္ထီလာမြို့ပေါ်မှာ ဘာသာခြားတွေရဲ့ ရက်စက်ယုတ်မာမှုကြောင့် ဆရာတော်ဦးသောဘိတ ပျံလွန်တော်မူခဲ့ရတဲ့ နေ့ရက်ကိုလည်း ဝမ်းနည်းမှတ်တမ်းအဖြစ်နဲ့ ကျွန်တော်တို့တတွေ စုပေါင်းကုသိုလ်ပြု အမျှအတန်း ပေးဝေတာတွေ နှစ်စဉ်လုပ်ခဲ့ကြပါတယ်။ ဆရာတော်ဦးသောဘိတ ပျံလွန်တော်မူခဲ့ရတာက (၂၀-၃-၂၀၁၃) ရက်နေ့မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က မသီတာထွေး၊ မိတ္ထီလာမြို့က ဦးသောဘိတ တို့သည် ဘာသာခြားတွေရဲ့ ရက်စက်ယုတ်မာခြင်းကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။


ဒါတွေကို ပြန်ပြောင်းပြောဆိုခြင်းက အမုန်းတရားကို အခြေခံပြီး ပြောဆိုနေခြင်းမဟုတ်ပါဘူး။ အမှန်တကယ် ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေမှန်တွေကို မျိုးဆက်သစ်လူငယ်တွေ သိရှိနားလည်စေဖို့ ရည်ရွယ်ပါတယ်။


အခု NLD ပါတီ အာဏာလက်မဲ့ဖြစ်ပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံရေးဆူပူအကြမ်းဖက်မှုတွေကို ပြန်ပြီး ဆင်ခြင်သုံးသပ်ကြည့်မယ်ဆိုရင် (၂၀၁၂-၂၀၁၃) က ဖြစ်ပေါ်ခဲ့တဲ့ ခိုးဝင်ဘင်္ဂလီ အကြမ်းဖက် ပြဿနာထက်ပိုပြီး ဆိုးရွားနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။


NLD က ဖွဲ့စည်းလိုက်တဲ့ သူတို့ကိုယ်သူတို့ အစိုးရလို့ သတ်မှတ်နေတဲ့ NUG အကြမ်းဖက်အဖွဲ့က ပုဂ္ဂိုလ်တွေဟာ စစချင်း စောက်နဲ့ထွင်းဆိုသလို တိုင်းရင်းသားပြည်သူတွေကို သူတို့အာဏာပြန်လည် ရရှိရေးအတွက် ဆူပူအကြမ်းဖက် လုပ်ငန်းတွေမှာ အသုံးချနေပြီး ခိုးဝင်ဘင်္ဂလီတွေကို လူမျိုးလိမ်အမည်နဲ့ အသိအမှတ်ပြု ပြောဆိုခဲ့တာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးအရေခြုံ အောင်မျိုးမင်း၊ ဝန်ကြီးပြုတ် ဝင်းမြတ်အေး၊ လွှတ်တော်အမတ်ဟောင်း ဇင်မာအောင်တို့က လူမျိုးလိမ်ကို တိုင်းရင်းသားစာရင်းထဲ ထည့်သွင်းပြီး နေရာပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ NUG ကို ဝန်းရံပြီး လူမျိုးလိမ်အရေးအတွက် ဆောင်ရွက်နေတဲ့ DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now, BBC, VOA, RFA အစရှိတဲ့ ပြည်ပသြဇာခံ တိုင်းဖျက် ပြည်ဖျက် မိစ္ဆာဝါဒီ မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖွပေးခဲ့ကြတာကို အားလုံးအသိပါ။


ကိုယ့်တိုင်းရင်းသား ပြည်သူအချင်းချင်း ရန်လိုအမုန်းပွားပြီး လုပ်ကြံသတ်ဖြတ်မှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်နေတဲ့ NLD, ၈၈ က နိုင်ငံရေးသမားတွေဟာ တိုင်းပြည်ကို ရခိုင်ပြည်နယ်မှာ ဆူပူအကြမ်းဖက်ပြီး နယ်မြေလုခဲ့တဲ့ ခိုးဝင်အကြမ်းဖက်တွေအပေါ် အင်မတန်မေတ္တာကြီးမားနေတာက မထူးဆန်းပေဘူးလား။ မထူးဆန်းပါဘူးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ 


ကိုယ်ကျိုးရှာ နိုင်ငံရေးသမားနဲ့ မီဒီယာတွေဟာ တိုင်းပြည်နဲ့ လူမျိုးမျက်နှာကို မကြည့်ပါဘူး။ ငွေမျက်နှာ တစ်ခုတည်းကိုပဲ ကြည့်ပါတယ်။ အိုအိုင်စီရဲ့ အထောက်အပံ့၊ ဂျော့ဆိုးရော့စ်ရဲ့ အထောက်အပံ့တွေနဲ့ နိုင်ငံရေးဆူပူအုံကြွမှုကြီးကို ဖန်တီးနေကြရတာဖြစ်လို့ အိုအိုင်စီရဲ့ အလိုဆန္ဒ၊ ဂျော့ဆိုးရော့စ်ရဲ့ အလိုဆန္ဒတွေကို မဖြစ်မနေ ဖြည့်ဆည်းပေးခြင်း သဘောပါပဲ။ 

NLD, CRPH, NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေကို မျက်စိစုံမှိတ် ထောက်ခံပေးနေတဲ့ တိုင်းရင်းသား ပြည်သူတွေဟာ အကြမ်းဖက်သမားတွေဖြစ်လာပြီး သူတို့ကို ဦးဆောင်နေသူတွေနဲ့ သူတို့ကို မြှောက်ပေးနေတဲ့ မီဒီယာတွေရဲ့ ကိုယ်ကျိုးရှာ အမြတ်ထုတ်နေတဲ့ လုပ်ရပ်တွေအပေါ် ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ ကိုယ့်တိုင်းရင်းသားပြည်သူအချင်းချင်းကိုတော့ ဝမ်းသာအားရ လုပ်ကြံသတ်ဖြတ်နေကြတော့တာပါပဲ။


ဒီလိုလုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်တဲ့နေရာမှာ တော်လှန်ရေးအသွင်သဏ္ဍာန်မဟုတ်တော့ဘဲ ဆရာတော်သံဃာတော်တွေ၊ ဆရာ/ဆရာမတွေကို လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်လာခြင်းဟာ တိုင်းပြည်ကို စနစ်တကျ ဖျက်ဆီးလာခြင်းပါပဲ။ 


သံဃာတော်တွေအပေါ် NLDနဲ့ ၈၈ က နိုင်ငံရေးလှုံ့ဆော်သူတွေ စတင်ပစ်မှတ်ထား လုပ်ဆောင်လာတာကတော့ ဒဂုန်မြို့သစ် (အရှေ့ပိုင်း)မြို့နယ်မှာ ဆရာတော်ဦးဓမ္မရဲ့ ကျောင်းကို ဝိုင်းပြီး လေးဂွနဲ့ပစ်၊ ခဲနဲ့ထုရာကနေ စတင်ခဲ့ပါတယ်။ NLD, ၈၈ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ဆရာတော် ဦးဓမ္မ မျက်စိတစ်ဖက် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ နောက်တော့ ရန်ကုန်မြို့ပေါ်မှာ အခြားသော သူတို့ကို အားပေးထောက်ခံခြင်းမရှိတဲ့ ဘုန်းကြီးကျောင်းတချို့ကို ရန်ရှာတိုက်ခိုက်မှုတွေလည်း လုပ်ခဲ့ကြပါတယ်။ နောက်ပိုင်း မြင်းခြံနယ်ဘက်မှာ ဆရာတော်တစ်ပါးကို ဒလန်ပါဆိုပြီး ဖမ်းဆီး ကြိုးတုတ် နှိပ်စက်တဲ့ အခြေအနေတွေကို အော့နှလုံးနာစရာကောင်းလောက်အောင် တွေ့မြင်လာရပါတယ်။


NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ ဆရာတော်တွေကတော့ ဘဒ္ဒန္တဉာဏိက ( ပုလဲမြို့နယ်၊ ကံကြီးရွာ)၊  (ယင်းမာပင်မြို့နယ်၊ ဆုံရွာ) မှ ဆရာတော်တစ်ပါး၊ (ဝန်းသိုမြို့နယ်၊ အလယ်ခုံရွာ)မှ ဘဒ္ဒန္တဝိဇ္ဇာနန္ဒ နှင့်၂ပါး၊ ဘဒ္ဒန္တတေဇိန္ဒ (မင်းကင်းမြို့နယ်၊ လောင်းပြည့်ရွာ)၊ (မင်းကင်းမြို့နယ်၊ ကျောက်လွတ်ရွာ)မှ ဆရာတော်တစ်ပါး၊ ဘဒ္ဒန္တ ပညာဇောတ (ချင်းပြည်နယ်)၊ ဦးဉာနိန္ဒ ( အောင်ရတနာကျောင်း၊ ကလေးမြို့)၊ အရှင်ဃောသိတ (ရွှေစေတီသုံးဆူကျောင်း၊ ဘနောကျေးရွာ၊ အမရပူရမြို့နယ်)၊ (မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရသေ့တောင်ဆုတောင်းပြည့် ကျောင်းထိုင်ဘုန်းကြီး) ဦးတေဇိန္ဒ၊ (ယင်းမာပင်မြို့နယ်၊ ကပိုင်အုပ်စု၊ ကဗြူရွာ ကျောင်းထိုင်ဆရာတော်) ဦးသုမန၊ (ဝမ်းတွင်းမြို့နယ်၊ သဲတောလေးရွာ၊ ကျောင်းထိုင်ဆရာတော်) ဦးသောမန တို့မှာ ပျံလွန်တော် မူခဲ့ရသည်။ ဒါက မှတ်တမ်းတင်ရရှိတဲ့ စာရင်းပါ။ သတင်းအစအန မထွက်ဘဲ တောနယ်ဒေသတွေမှာ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရတဲ့ ဖြစ်စဉ်တွေကို မှတ်တမ်းမတင်နိုင်ခဲ့ပါဘူး။ 


NLD ပါတီမှ ဖွဲ့စည်းသည့် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်လာပြီးနောက်ပိုင်း ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ ရဟန်းသံဃာတော်များ၊ ဆရာ/ဆရာမများ၊ ကလေးသူငယ်များ၊ ဝန်ထမ်းများ၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးခဲ့ရသူပေါင်း ၁၃၉၀ အထိ သေဆုံးခဲ့ရပါပြီ။ 


၁၁- ၁၁ - ၂၀၂၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဲတောလေးကျေးရွာရှိ မင်္ဂလာမှန်ကျောင်း၊ ကျောင်းထိုင် ဆရာတော် ဦးသောမဏ ကို NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားတွေက သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်ကတော့ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးအတွက် အော့နှလုံးနာစရာ လုပ်ရပ်ဆိုးကြီးပါပဲ။ 


နံနက် ၁၁ နာရီခွဲအချိန်ခန့် ဆွမ်းစားဆောင်မှာ သံဃာတော် ၃ ပါးနှင့်အတူ ဆွမ်းဘုန်းပေးနေစဉ် NLD, PDF အစွန်းရောက် အကြမ်းဖက်သမားတွေက ဆိုင်ကယ်နဲ့ ရောက်လာပြီး ဆရာတော်ဦးသောမဏကိုပဲ ရည်ရွယ်ချက်ရှိရှိ ပစ်သတ်သွားခဲ့ကြလို့ ဆွမ်းဘုန်းပေးနေစဉ်မှာပဲ ပျံလွန်တော်မူခဲ့ရပါတယ်။ သတင်းထုတ်ပြန်ချက်တွေအရ အခင်းဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ 9 mm USA LUGER ကျည်ခွံ တစ်ခု တွေ့ရှိပြီး ကျောင်းထိုင်ဆရာတော်မှာ ဦးခေါင်းထိမှန် သေနတ်ဒဏ်ရာဖြင့် ပျံလွန်တော်မူသွားခဲ့ရပါတယ်။ 


NLD, CRPH, NUG ရဲ့ အသုံးချခံ PDF အမည်ခံ ပြည်ဖျက်မိစ္ဆာတွေဟာ ကမ်းကုန်အောင် ယုတ်မာရက်စက်ခဲ့ကြပါပြီ။ NLD ကဖွဲ့စည်းလိုက်တဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေဟာ ပြည်ပက ရရှိတဲ့ အထောက်အပံ့နဲ့ ကိုယ့်တိုင်းရင်းသားအချင်းချင်း ရက်စက်ယုတ်မာမှုတွေကို ကမ်းကုန်အောင် ကျူးလွန်ခဲ့ကြပါပြီ။ မြန်မာ့သမိုင်းမှာ အရိုင်းစိုင်းဆုံး လုပ်ရပ်တွေကို ဆင်ကန်းတောတိုး လုပ်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။ သူတို့ အသုံးပြုနေသမျှ ငွေကြေး၊ လက်နက် အားလုံးဟာ တိုင်းတပါးက ပေးထားတဲ့ အထောက်အပံ့တွေချည်းပဲ ဖြစ်ပါတယ်။ တရားဝင် စာရင်းများအရ ဂျော့ဆိုးရော့စ် ပေးထားတဲ့ ဒေါ်လာ(၅)သန်း ကို စိစစ်ဖော်ထုတ်နိုင်ခဲ့တယ်။ ထင်ပေါ်ကျော်ကြားတဲ့ အနုပညာရှင်တွေကို ဆူပူအကြမ်းဖက် ဝါဒဖြန့်လုပ်ငန်းတွေမှာ အသုံးချဖို့ ငွေကြေးတွေ ဖြန့်ဝေပေးထားတယ်။ ကျော်သူ၊ ဇီးကွက်တို့ရဲ့ ဘဏ်စာရင်းမှာ သိန်းပေါင်း (၆)သောင်းကျော် စိစစ်ဖော်ထုတ်နိုင်ခဲ့တယ်။ အလားတူ အခြားသော အနုပညာရှင်တွေဆီကို ငွေကြေးဖြန့်ဝေပေးထားတာကို ဖော်ထုတ်နိုင်ခဲ့တယ်။


NLD, CRPH, NUG ကို ထောက်ခံနေကြတဲ့ ပြည်သူတွေ -

ခင်ဗျားတို့ကို ဦးဆောင်နေသူတွေဟာ တိုင်းပြည်တည်ဆောင်ရွက်ရေးအတွက် ဆောင်ရွက်နေခြင်း မဟုတ်ဘဲ တိုင်းတပါးက ပေးကမ်းထောက်ပံ့တဲ့ ငွေကြေး၊ လက်နက်ကို ရယူပြီး တိုင်းရင်းသားပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်နေတဲ့ လုပ်ရပ်တွေဟာ တော်လှန်ရေးလား။ သံဃာတော်တွေကို လုပ်ကြံသတ်ဖြတ်နေတာ ဘာတော်လှန်ရေးလဲ။ ဆရာ/ဆရာမတွေကို လုပ်ကြံသတ်ဖြတ်နေတာ ဘာတော်လှန်ရေးလဲ။ တိုင်းတပါးက ပေးကမ်းထောက်ပံ့တဲ့ အထောက်အပံ့ကို ရယူပြီး ကိုယ့်တိုင်းရင်းသား ပြည်သူအချင်းချင်း လူမျိုးတုန်း သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေဟာ တော်လှန်ရေးလား၊ အာဏာရရေးလား၊ တိုင်းတပါးသားတွေ အလိုကျ လူမျိုးတုန်း သတ်ဖြတ်နေခြင်းလား ဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ပြီး တိုင်းဖျက်ပြည်ဖျက် အမျိုးဖျက် မိစ္ဆာတွေရဲ့ လုပ်ရပ်ဆိုးတွေအပေါ် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး တညီတညွတ်တည်း ဆန့်ကျင် ကန့်ကွက်ကြဖို့ လိုပါပြီ။

သံဃာတော်ကို မျက်စိပျက်အောင် လုပ်ခဲ့တဲ့ အကြမ်းဖက်မိစ္ဆာတွေ၊ သံဃာတော်ကို ကြိုတုတ်ပြီး နှိပ်စက်ခဲ့တဲ့ အကြမ်းဖက် မိစ္ဆာတွေ၊ စာမေးပွဲဖြေမယ့် သံဃာတော်ကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တဲ့မိစ္ဆာတွေ၊ ကလေးသူငယ်စောင့်ရှောက်ရေး ပရဟိတလုပ်နေတဲ့ ဆရာတော်ကို သတ်ဖြတ်ခဲ့တဲ့ မိစ္ဆာတွေ၊ ဓမ္မကထိက ဆရာတော်တွေကို လုပ်ကြံသတ်ဖြတ်ခဲ့ကြတဲ့ မိစ္ဆာတွေ၊ နောက်ဆုံး ဆွမ်းဘုန်းပေးနေတဲ့ ဆရာတော်ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာတွေဟာ ဥပဒေက ပေးအပ်တဲ့ ပြစ်ဒဏ်ကို ရှောင်လွှဲဖို့ ကြိုးစားရင်း လောကဥပဒေရဲ့ အဆုံးအဖြတ်နဲ့ တူသောအကျိုးပေးကို ခံစားကြရပါလိမ့်မယ်။ (၁၁- ၁၁ - ၂၀၂၁)ရက်နေ့ဟာ မြန်မာ့သမိုင်းမှာ NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာတွေရဲ့ ရက်စက်ယုတ်မာမှုကို သမိုင်းမှတ်တမ်း မတင်ချင်ပေမယ့် မှတ်တမ်းဝင်ခဲ့ပြီဖြစ်တဲ့ သွေးစွန်းခဲ့တဲ့ ဆွမ်းတစ်နပ် ပါပဲ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)