လှိုင်မြို့နယ်တွင်အသက်(၄၀)နှစ်အထက်ပြည်သူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်မြို့နယ်တွင်အသက်(၄၀)နှစ်အထက်ပြည်သူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းများဆောင်ရွက်


လှိုင်၊ နိုဝင်ဘာ  ၁၂ 

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အမှတ် ၁၂ ရပ်ကွက်၊ သိပ္ပံပစ္စည်းစက်ရုံ၀န်း၊ လှိုင် ကုသရေးစင်တာတွင်ယနေ့နံနက် (၉:၀၀)နာရီ အချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆေးထိုးနှံရာတွင် ရပ်ကွက်(၁၆)ခုအတွင်းရှိ အသက်(၄၀)နှစ်အထက် ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၅၅၀)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။ ကာကွယ်ဆေး ထိုးနှံရာနေရာသို့ လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့် တာဝန်ရှိ သူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များမြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)