ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး


ကွမ်းလုံ၊ နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်(ပထမအကြိမ်)ထိုးနှံပြီးသူများနှင့် လုံးဝမထိုးရသေးသူများကို ယနေ့နံနက် (၈:၃၀)အချိန်မှစ၍   ကိုးကန့်ယဉ်ကျေးမှုခန်းမတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပြီးသူများနှင့်လုံးဝမထိုးနှံရသေးသူများကို  ဆက်လက် ထိုးနှံပေး ခြင်းဖြစ်ပြီး ပထမအကြိမ်ထိုးနှံပြီးသူ(၉၆)ဦးနှင့် လုံးဝမထိုးနှံရသေးသူ(၂၀၉)ဦး လာရောက် ထိုးနှံခဲ့ကြကြောင်းသိရသည်။ ဆေးထိုးရန် ရောက်ရှိလာသူများအား အပူချိန်တိုင်းတာခြင်း၊ နေရာစီစဉ်ပေးခြင်း၊ စာရင်းစစ်ဆေးပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဆေးထိုးနှံခြင်းတို့ကို မြို့နယ်ကိုဗစ်-၁၉ကော်မတီ ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ စနစ်တကျရှိစေရန်  ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

သတင်း - ဖြိုးမမ

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)