နေပြည်တော်၊ နိုဝင်ဘာ ၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး များဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းတိုနှင့်အတူ ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော် ဇမ္ဗူသီရိမြိုနယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းသို သွား ရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို လှည့် လည်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဂရုစိုက်၍ ယခုကျောင်းပြန်ဖွင့်ချိန်ကစပြီး ပညာရည်တိုးတက်အောင် ရည်မှန်းချက်မပျောက်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း၊ ပညာသင်ကြားပေးသည့် ဆရာ၊ ဆရာမများနှင့် မိဘများအပေါ် ရိုသေလေးစား၍ ကျေးဇူးတရားများ သိတတ်သည့် နိုင်ငံအတွက်အားထားရသော လူတော်လူကောင်းများဖြစ် အောင် ကြိုးစားကြစေလိုပါကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း အနာဂတ်မျိုးဆက် သစ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ ပညာအရည်အသွေးတိုးတက်ရေး၊ ထူးချွန် ထက်မြက်ရေးအတွက် ပြုစုပျိုးထောင်ပေးကြစေလိုပါကြောင်း၊ ကျောင်းဖွင့်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်ချက် အခက်အခဲများရှိပါက တင်ပြကြရန်နှင့် လိုအပ်ချက်များကိုလည်း အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် သင်ကြားနေဆဲ သိပ္ပံသင်ခန်းစာများနှင့် ပတ်သက်၍ လည်းကောင်း၊ ဒုတိယဝန်ကြီးက English ဘာသာရပ်သင်ကြားသင်ယူမှုနှင့် ပတ်သက်၍ လည်းကောင်း ကျောင်းသား၊ ကျောင်းသူများကို ဆွေးနွေးမေးမြန်းပြီး ဘာသာရပ်ဆိုင်ရာ သင်ကြားသင်ယူနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ဇမ္ဗူသီရိမြိုနယ် အမှတ်(၅) အခြေခံပညာ အထက်တန်း ကျောင်းသိုသွားရောက်ကာ ဘာသာရပ်ဆိုင်ရာ သင်ကြားသင်ယူနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မှာကြားသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်း ကျဆင်းနေပြီဖြစ်သောကြောင့် ယနေ့နိုဝင်ဘာ ၁ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ် (၉) ခုမှ နယ်စပ်ဒေသ မြိုနယ် ၄၆ မြိုနယ်ရှိ စာသင်ကျောင်းများမှ လွဲ၍ ကျန်မြိုနယ်များအားလုံးရှိ စာသင်ကျောင်းများ(ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများအပါအဝင်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment