ဆင်ပေါင်ဝဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ



ဆင်ပေါင်ဝဲ၊ နိုဝင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက   မြို့နယ် အတွင်းရှိ   ပြည်သူများ  ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရေးအတွက်  အကောင်အထည်ဖော်   ဆောင်ရွက်နေသည့်  ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်း၊ လူထုအသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက် ကုသပေးမှု လုပ်ငန်းများနှင့် အောက်ဆီဂျင် အခက်အခဲ မဖြစ်စေရေးအတွက်  အောက်ဆီဂျင်စက်ရုံ လည်ပတ်နိုင်ရေး  ဆောက်ရွက်နေမှု  လုပ်ငန်းများ ကျောင်းသား၊ ကျောင်းသူများ    ပညာသင်ယူခွင့်  အခွင့်အလမ်း  ရရှိရေးအတွက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ချပြရှင်းလင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ကော်မတီအဖွဲ့ဝင်များက မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်း  ဆောင်ရွက်နေမှုများ အပေါ် ပိုမိုထိရောက်စွာ  ဆောင်ရွက်နိုင်ရေးအတွက်   ဝိုင်းဝန်းအကြံပြုဆွေးနွေး  တင်ပြပြီး    မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ဦး က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေး ပြောကြား ခဲ့သည်။

သတင်း - ချိုချိုဝင်း          

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)