ရေနံချောင်းမြို့ သစ်တပွေရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက် ပေးနေမှု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံချောင်းမြို့ သစ်တပွေရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက် ပေးနေမှု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ကြည့်ရှုအားပေး

ရေနံချောင်း၊ နိုဝင်ဘာ  ၁၇

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့ နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက် ၈ နာရီအချိန်တွင် ရေနံချောင်းမြို့ သစ်တပွေရပ်ကွက်ရှိ ဗန္ဓုလဓမ္မာရုံတွင် ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးနေမှုကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့”ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်ခွင့် ရရှိစေရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့် လိုအပ်သည့် အထောက်အထားများ ပြည့်ပြည့်စုံစုံ ယူဆောင်လာပါက လုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် လူမှုရေးရာဝန်ကြီးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ လိုက်ပါကာ လုပ်ငန်း ဆောင်ရွက် ပေးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ရေနံချောင်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်အောင်ကျော်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ရေနံချောင်းမြို့ သစ်တပွေရပ်ကွက်ရှိ ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် နိုင်၃(က)ဖြင့် ၂၉ ဦး၊ နိုင်၆(က)ဖြင့် ၅၅ ဦး စုစုပေါင်း ၈၄ ဦး ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)