ဟားခါး၊ နိုဝင်ဘာ ၁၇
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံတက်ကြွစွာ ဆောင်ရွက်ခဲ့သော ကျန်းမာရေး ဝန်ထမ်းများ အပါအဝင် သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ၊ အသင်းအဖွဲ့များနှင့် အလှူရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။
ရှေးဦးစွာ ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကို မေ(၂၇)ရက်နေ့တွင် ကျီခါးမြို့၌ စတင်ဖြစ်ပွားခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုနှင့် အခက်အခဲ မြောက်များစွာ ကြုံတွေ့ခဲ့ရပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ သယ်ဆောင်ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အစပိုင်းတွင် အခက်အခဲများစွာ ရှိခဲ့ကြောင်း၊ ထူးခြားမှုအနေဖြင့် ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးမှုများ ရှိသော်လည်း အောက်ဆီဂျင် ပြက်လပ်၍ သေဆုံးမှုမရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ၊ ပရဟိတ အဖွဲ့အစည်းများ၊ ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် စစ်ဘက်၊ အရပ်ဘက်ဝန်ထမ်းများ၊ အလှူရှင်များနှင့် ဝိုင်းဝန်းကူညီ ဆောင်ရွက် လာခဲ့သူများ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း အမှာစကားပြော ကြားသည်။
ဆက်လက်၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ လူမှုရေးရာဝန်ကြီး (တာဝန်ခံ) ဦးကျော်ငြိမ်းနှင့် ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါတာအောင်မြင့်ဦး တို့က ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံတက်ကြွစွာ ဆောင်ရွက်ခဲ့သော ကျန်းမာရေး ဝန်ထမ်းများအပါအဝင် သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ၊ အသင်းအဖွဲ့များနှင့် အလှူရှင်များအား ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားကြပြီးနောက် ကျန်းမာရေး ဝန်ထမ်းများအတွက် စားသောက်စရိတ်ငွေကျပ် ၂၀၆၄၁၀၀/−နှင့် ကာကွယ်ရေးသုံး ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ပြီး ပြည်နယ် ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးက လည်းကောင်း၊ ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်သိန်း ၂၀ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်မှူးက ပေးအပ်ရာ ဟားခါးပြည်သူ့ဆေးရုံအုပ်က လည်းကောင်း၊ ကိုဗစ်ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် Volunteer အဖြစ် ဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများအတွက် စားသောက်စရိတ်ငွေ ကျပ် ၁၀ သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြည်နယ်တရားသူကြီးချုပ် ဦးနေစိုးက ပေးအပ်ပြီး ဟားခါးခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးက လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် Volunteer အဖြစ် ဆောင်ရွက်နေကြသော မီးသတ်ဝန်ထမ်းများအား ထောက်ပံ့ငွေကျပ် ၅ သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်က ပေးအပ်ရာ ပြည်နယ်မီးသတ်ဦးစီးမှူးက လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် Volunteer အဖြစ် ဆောင်ရွက် နေကြသော ကြက်ခြေနီ တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ပေးအပ်ငွေ ကျပ် ၅ သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ပေးအပ်ပြီး ကြက်ခြေနီ အဖွဲ့ဝင်တစ်ဦးက လည်းကောင်း၊ ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် သုံးစွဲနိုင်ရန်အတွက် မြန်မာအပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံ အင်ဂျင်နီယာများအဖွဲ့ (ချင်းပြည်နယ်ခွဲ)မှ လှူဒါန်းငွေကျပ် ၅ သိန်းအား သယံဇာတရေးရာ ဝန်ကြီး ဦးကျော်ငြိမ်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြည်နယ်လမ်းဦးစီးဌာနမှူးက လည်းကောင်း၊ အလှူငွေကျပ် သိန်း ၉၀ ပေးအပ် လှူဒါန်းခဲ့သည့် လုပ်ငန်းရှင်များနှင့် ဌာနဖြစ်သော ပြည်နယ်လမ်း ဦးစီးဌာနကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုးက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရာ ပြည်နယ်လမ်းဦးစီးဌာနမှူးက လည်းကောင်း၊ ငွေကျပ် (၇၅)သိန်း လှူဒါန်းပေးခဲ့သည့် လုပ်ငန်းရှင်များနှင့် ဌာနဖြစ်သော ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို တိုင်ရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက ဂုဏ်ပြမှတ်တမ်းလွှာ ပေးအပ်ရာ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဆန်းက လည်းကောင်း၊ ငွေကျပ် (၇၅)သိန်း လှူဒါန်းပေးခဲ့သည့် လုပ်ငန်းရှင်များနှင့် ဌာနဖြစ်သော စည်ပင်သာယာရေးအဖွဲ့ကို ပြည်နယ်ဥပဒေချုပ် ဦ:ဆွန်ဒုတ်ကျင့်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က လည်းကောင်း၊ ငွေကျပ်(၆၄)သိန်း လှူဒါန်းပေးခဲ့သည့် လုပ်ငန်းရှင်းများနှင့် ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ဂုဏ်ပြုမှတ်တမ်းလွှာ ေးအပ်ရာ ပြည်နယ်ကျေးလက် လမ်းဦးစီးဌာနဦးစီးမှူးက လည်းကောင်း လက်ခံရယူကြပြီး ဂုဏ်ပြုချီးမြှင့်ခြင်းခံရသည့် ဝန်ထမ်များ နှင့် Volunteer များကိုယ်စား ဟားခါးပြည်သူဆေးရုံအုပ်က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနား ပြီးမြောက်ကြောင်း သိရသည်။
သတင်း - မောင်တက်လမ်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment