ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတတိယအသုတ်(ဒုတိယအကြိမ်)ထိုးနှံခြင်းနှင့် ကျန်းမာရေးအသိပညာပေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတတိယအသုတ်(ဒုတိယအကြိမ်)ထိုးနှံခြင်းနှင့် ကျန်းမာရေးအသိပညာပေးဆောင်ရွက်




ဘုရားသုံးဆူ၊ နိုဝင်ဘာ  ၂၂

 ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယ အသုတ်(ဒုတိယအကြိမ်)ထိုးနှံခြင်းအား ဘုရားသုံးဆူမြို့ပြည်ထောင်စုခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီ အချိန်တွင်ထိုးနှံခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးအား သက်ဆိုင်ရာကျန်းမာရေးဌာနမှ တာဝန်ရှိသူများမှစနစ်တကျ ပြုလုပ် ဆောင်ရွက်ပြီး ကာကွယ်ဆေးနှင့်ပတ်သက်သည့် အသိပညာများအား ရှင်းလင်းပြောကြားခြင်း၊ ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်သည့်ဗီဇပြောင်းလဲပုံစသည့် အသိပညာပေးများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ကာကွယ်ဆေးမှာ၂ ကြိမ်တိတိ ထိုးနှံရမည်ဖြစ်ပြီး ပထမအကြိမ် အောက်တိုဘာ (၂၄)ရက်နေ့ ထိုးနှံပြီးသူများမှာ ယနေ့ နိုဝင်ဘာ၂၁ရက်နေ့ ထပ်မံထိုးနှံရမည်ဖြစ်ပြီး ဘုရားသုံးဆူမြို့တွင် ပထမ အသုတ်အား ၈လပိုင်း၁ရက်နေ့နှင့်၂၉ ရက်နေ့တို့တွင်ထိုးနှံဆောင်ရွက်ခဲ့ပြီးထိုးနှံပြီး သူဦးရေး(၁၇၀၀) ဦးခန့်ရှိသည်ဟုသိရသည်။

ဒုတိယအသုတ်(ပထမအကြိမ်)အားစက်တင်ဘာ၁၆ရက်နေ့မှ၂၀ရက်နေ့ထိထိုးနှံခဲ့ပြီးဒုတိယအသုတ်အတွက်ကာကွယ်ဆေးမှာဦးရေ(၂၅၀၀)ဦးရှိကြောင်း သိရသည်။ယနေ့ နိုဝင်ဘာ၂၁ ရက်နေ့ တတိယ အသုတ်(ဒုတိယအကြိမ်)အတွက် ဦးရေ(၅၀၀)ဦးထိုးနှံဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

သတင်း - အောင်သူဟိန်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)