မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ


မကွေး၊ နိုဝင်ဘာ  ၂၂

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦစီးဌာနမှ ဝန်ထမ်းများအား ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မကွေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦစီးဌာန ခရိုင်/မြို့နယ် တာဝန်ခံများမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် တာဝန်ခံများနှင့် တွေ့ဆုံရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ ပြန်/ဆက်ဝန်ထမ်း များသည် ပြည်သူလူထုအား အသိပညာဗဟုသုတများ ဖြန့်ဖြူးပေးရာဌာနဖြစ်သည့်အတွက် တာဝန်ခံများ အနေဖြင့်လည်း စာပေဗဟုသုတများ လေ့လာဖတ်ရှုရန် လိုအပ်ပါကြောင်း၊ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည့်အတွက် သတင်းအချက်အလက်အမှား/အမှန်အား  ပြည်သူလူထုများ ခွဲခြားသိရှိနိုင်အောင် ဆောင်ရွက်ပေးစေလိုကြောင်းနှင့် တာဝန်ခံများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် ဝန်ထမ်းနည်းဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မာလာဝင်းက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်ရုံးများ၏ လုပ်ငန်းဆောင်ရွက်ချက် များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တွေ့ဆုံပွဲကို တက်ရောက်လာကြသည့် ခရိုင် တာဝန်ခံများမှ မိမိတို့ ခရိုင်အလိုက် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက လိုအပ်သည်များအား ဖြည့်စွက်မှာကြား ခဲ့ကြောင်း သိရသည်။

သတင်း - ကိုစည်သူ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)