မင်းလှမြို့တွင် အသက်၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို (ဒုတိယအကြိမ်) ကိုဗစ် ကာကွယ်ဆေးထိုးနှံ‌ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြို့တွင် အသက်၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို (ဒုတိယအကြိမ်) ကိုဗစ် ကာကွယ်ဆေးထိုးနှံ‌ပေး

 


မင်းလှ၊ နိုဝင်ဘာ   ၁၅

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် အသက်၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက် တန်း ကျောင်းသား ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီချိန်က အ.ထ.က (မြို့ပြင်) ကျောင်းနှင့် ဆေးထိုးစုရပ် နေရာများတွင် ထိုးနှံပေးခဲ့သည်။

ကျောင်းသားကျောင်းသူများကို ဒုတိယအကြိမ် ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းတွင် ဆေးထိုးစုရပ် ထားရှိသည့် အ.ထ.က မင်းလှ(မြို့ပြင်)တွင် (၂၀၈)ဦး၊ အ.ထ.က (ခွဲ) ဦးတိုစာဖြူစုတွင် (၁၃၁) ဦး အ.ထ.က( ခွဲ)ကိုင်းပြင်ကြီးတွင် (၃၆၁)ဦး၊ အ.ထ.က( ခွဲ) ကညင်ပင်တွင်(၂၃၆) ဦးတို့အား နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီချိန်ထိ ထိုးနှံပေးနိုင်ခဲ့သည်။

မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း (၄၈)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂)ကျောင်းမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၄၁၈၈) ဦးကို ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး၊ ယနေ့ချိန်မှ စတင်၍  ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ကျောင်းသားကျောင်းသူ (၉၃၆)ဦးအား ထိုးနှံ‌ပေးခဲ့ကြောင်း၊ ဆေးထိုးနှံရန် ကျန်ရှိသူများလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)