သာစည်မြို့နယ်တွင် ပြည်သူ ၂၁၁၀ ဦးတို့အား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သာစည်မြို့နယ်တွင် ပြည်သူ ၂၁၁၀ ဦးတို့အား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံပေး



သာစည်၊ နိုဝင်ဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး (Sinopharm) ထိုးနှံထားသူများအား ဒုတိယအကြိမ်နှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများအား ပထမအကြိမ်အဖြစ် သတ်မှတ်ထားသည့် ဆေးထိုးစုရပ် များ၌ ပြည်သူ ၂၁၁၀  ဦးတို့အား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm)  ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ထံမှ သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးရဦတွင် သတ်မှတ်ဆေးထိုးစုရပ်အသီးသီး၌ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးစီးသည့် အောင်သာကျေးရွာ ဆေးထိုးစုရပ်တွင် ပြည်သူ ၁၂၀ ဦး၊ ညောင်ရမ်းကျေးရွာ ဆေးထိုးစုရပ်တွင် ၆၀၅ ဦးနှင့် အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့် ပြည်သူ ၆၁၅ ဦး၊ ကုက္ကိုကန်ကျေးရွာ ဆေးထိုးစုရပ်တွင် ၇၇၀ ဦး၊ စုစုပေါင်း ပြည်သူ ၂၁၁၀ ဦးတို့အား ကာကွယ်ဆေး ထိုးနှံပေးခဲ့‌သည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ကာကွယ်ဆေးထိုးနှံရေး ပူးပေါင်း အဖွဲ့များက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်းချိန် တိုင်းတာခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းများ ဆောင်ရွက်၍ သတ်မှတ် စည်းကမ်း ချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)