ဘီးလင်းမြို့နယ်၊ရွှေရောင်ပြကျေးရွာ၊သိဒ္ဓိအောင်ကျောင်းတိုက်ဝန်းအတွင်းကိုရင်ကြီးတစ်ပါးအား လည်ပင်းဓါးဖြင့်ခုတ်၍ဒဏ်ရာရရှိ မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်၊ရွှေရောင်ပြကျေးရွာ၊သိဒ္ဓိအောင်ကျောင်းတိုက်ဝန်းအတွင်းကိုရင်ကြီးတစ်ပါးအား လည်ပင်းဓါးဖြင့်ခုတ်၍ဒဏ်ရာရရှိ မှုဖြစ်ပွား


ဘီးလင်း၊ နိုဝင်ဘာ   ၁၅

      ဘီးလင်းမြို့၊ရွှေရောင်ပြကျေးရွာ၊သိဒ္ဓိအောင်ကျောင်းတိုက်ဝန်း အတွင်းတစ်ပါးကျောင်း ဖြင့်နေထိုင်သူကိုရင်ကြီး ဥူးပညာဝံသ(လူအမည်)ဦးဘကျော်(၇၀) နှစ်(ဘ)ဦးထွန်းရှိန်၏လည်ပင်းအားဓါးဖြင့်ခုတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

  ဖြစ်စဉ်မှာ ကိုရင်ကြီး ဥူးပညာဝံသ သည် ည ၉နာရီခွဲအချိန်၌  တစ်ပါးကျောင်းအတွင်း အိပ်နေစဉ် သိဒ္ဓိအောင်ကျောင်း တိုက်အတွင်း ကျောင်းဝေယျာဝစ္စလုပ်ကိုင်၍ လာရောက်နေထိုင်သူမောင်ဇော်(၄၀)နှစ်ခန့်(အဘအမည်၊နေရပ်လိပ်စာ၊စိစစ်ဆဲ)မှ ကိုရင်ကြီးဥူးပညာဝံသ ထံ ပိုက်ဆံတောင်းရာမှစကားများကြပြီး မောင်ဇော်မှ ကိုရင်ကြီးဥူးပညာဝံသလည်ပင်းအားဓါးဖြင့်ခုတ်မှုဖြစ်ပွားခဲ့ကြောင်း၊ဓါးဖြင့်ခုတ်ခံရ၍ကိုရင်ကြီးလည်ပင်းတွင်ပြတ်ရှဒဏ်ရာ ရရှိခဲ့သဖြင့် သထုံမြို့ပြည်သူ့ဆေးရုံတွင်တင်ပိုကုသထား ကြောင်းသိရှိရသည်။

      အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဘီးလင်းမြို့မရဲစခန်းမှ နိုဝင်ဘာ၁၅ရက်တွင်မောင်ဇော်အား (ပ) ၁၄၉/ ၂၀၂၁၊ရာဇသတ်ကြီးဥပဒေပုဒ်မ၄၅၂/၃၂၆အရအမှုဖွင့်၍တရားခံဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း အဆိုပါမြို့နယ်ရဲစခန်းကသိရသည်.။

သတင်း - ထူးနောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)