သရက်ချောင်း၊ နိုဝင်ဘာ ၁၅
၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၈)ရက် နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောခြင်းကို ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ယနေ့နံနက် (၁၀)နာရီအချိန်ခန့်ကအသိပညာပေးဟောပြောဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးနွယ်ဝင်းက အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွါးလာစေရန်၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်နှင့်မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ နိုင်ငံတော်ကိုအကျိုးပြုမည့်ကျောင်းသား/ကျောင်းသူများဖြစ်လာစေရေး၊ အသိပညာဟောပြောခဲ့ပြီးဟောပြောပွဲတွင် သရက်ချောင်းအခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment