ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ‌ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ‌ပေး

 




ကျုံပျော်၊ နိုဝင်ဘာ   ၁၅

ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ‌ ပေးလျက် ရှိရာ၊ ယခု ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းအဖြစ် ပင်လုံရပ်ကွက်၊ အထက-၂ ကျုံပျော် ဆေးထိုးစုရပ်၌ နိုဝင်ဘာ ၁၅ ရက်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်း၊အဖွဲ့ဝင်(၁) ဗိုလ်မှူး သိန်းစိုးဝင်းနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေးပြီး၊ ဆေးထိုးနှံမှု စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းတို့ကို ၊ ဆရာ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးထိုးကြီးကြပ်အဖွဲ့များက စနစ်တကျ ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကျုံပျော်မြို့နယ်တွင် ကျောင်းပေါင်း(၇၀)မှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ (၆၆၇၉) ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)အား ကာကွယ် ဆေး ထိုးအဖွဲ့ (၉)ဖွဲ့ ဖြင့် ပထမအကြိမ်ထိုးနှံပေးပြီးဖြစ်ကာ၊ ယခု နိုဝင်ဘာ ၁၅ ရက်မှစတင်ကာ ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးနေပြီဖြစ်ကြောင်း သိရသည်။

သတင်း - လပြည့်ဦး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)