ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ''ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ် ပန်းခင်းများဆီသို့'' ဆိုသည့်အတိုင်း အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ဆင့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများအား ''ကျန်းမာပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့'' ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းတို့တွင် ထိုးနှံပေးသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူ ကျောင်းအုပ်ကြီးများ ကြီးကြပ်၍ အမှတ်(၃) တပ်မတော်ဆေးရုံ (ခုတင်-၂၅)မှ ဆရာဝန်ကြီးများ၊ မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ထိုးနှံပေးကြရာ တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းတွင် ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား/ ကျောင်းသူများအား လက်သန့်ဆေးရည် ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ဆေးထိုးပြီးပါက လည်း မိနစ်(၃၀)ခန့် စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြကြောင်း သိရသည်။
သတင်း - မင်းလွင်ဦး(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment