ချောင်းဦးမြို့နယ်၊ ပဲပြစ်တောကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ပဥ္စမအကြိမ် ရန်ပုံငွေထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောင်းဦးမြို့နယ်၊ ပဲပြစ်တောကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ပဥ္စမအကြိမ် ရန်ပုံငွေထုတ်ပေး

 



ချောင်းဦး၊ နိုဝင်ဘာ  ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေ မြစိမ်းရောင်စီမံကိန်းကို ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်မှစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပဲပြစ်တော ကျေးရွာ တွင် ပဉ္စမအကြိမ် မြစိမ်းရောင် စီမံကိန်း ရန်ပုံငွေအတွက် ငွေကျပ်သိန်း (၄၉၀)နှင့် ၃ သောင်း ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဘူတာကျေးရွာအုပ်စု၊ ပဲပြစ်တော ကျေးရွာ မြစိမ်းရောင်စီမံကိန်းကျေးရွာကော်မတီဥက္ကဋ္ဌ နေအိမ်တွင် COVID-19 ကာလ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ချေးငွေထုတ်ချေးပေးအပ်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အရင်းမပျောက် မတည်လည်ပတ် ရန်ပုံငွေ မြစိမ်းရောင် စီမံကိန်းကို ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် မှစတင်၍ စီမံကိန်း ယူနစ်(၂၆)ယူနစ်ကို ကျေးရွာ (၂၉) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၎င်းကျေးရွာများအနက်မှ ပဲပြစ်တောကျေးရွာတွင် မြစိမ်းရောင် စီမံကိန်း ပဉ္စမအကြိမ်အဖြစ်  စိုက်ပျိုးရေးလုပ်ငန်း ၁၁၉ ဦးအားငွေကျပ် ၂၆၂ သိန်း၃ သောင်း၊ မွေးမြူရေးလုပ်ငန်း ၈၉ ဦးအား ငွေကျပ် ၁၅၆ သိန်း ၆ သောင်း၊ ရောင်းဝယ်ရေး လုပ်ငန်း ၁၇ ဦးအားငွေကျပ်သိန်း ၄၀နှင့် ၅‌ သောင်း၊ သက်မွေးဝမ်းကျောင်း ၁၉ ဦးအား ငွေကျပ် သိန်း ၃၀ နှင့် ၅ သောင်း စုစုပေါင်း  အသင်းသား ၂၂၄ ဦးအား ငွေကျပ် သိန်း ၄၉၀နှင့် ၃ သောင်း တိတိကို ယနေ့ထုတ်ချေးပေးခဲ့ပါကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်စိုးစံက ပြောပြသည်။

ရန်ပုံငွေလွဲပြောင်းပေးအပ်ပွဲသို့ ချောင်းဦးမြို့နယ် ကျေးလက်ဒေသဦးစီးမှူး ဒေါ်ခိုင်စိုးစံနှင့် ဝန်ထမ်းများ၊ ပဲပြစ်တောကျေးရွာ မြစိမ်းရောင်စီမံကိန်းကျေးရွာမှ အသင်းသား၊ အသင်းသူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - အိအိအောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)