နောင်ချိုမြို့နယ် အခြေခံပညာကျောင်းများရှိ ပညာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Tesk kit ဖြင့်စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့နယ် အခြေခံပညာကျောင်းများရှိ ပညာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Tesk kit ဖြင့်စစ်ဆေး


နောင်ချို၊ နိုဝင်ဘာ  ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အခြေခံပညာကျောင်းများရှိ ပညာရေး ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Tesk kit ဖြင့်စစ်ဆေးခြင်းကို ယမန်နေ့က နောင်ချိုမြို့ အ.ထ.က(၁)၌ စစ်ဆေးခဲ့ ကြောင်း သိရသည်။

စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေး ဌာန၊ ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့များ ပါဝင်သော အဖွဲ့များပူးပေါင်း၍ နောင်ချိုမြို့ အ.ထ.က(၁)၌ ပညာရေးဝန်ထမ်း နှင့်ဝန်ထမ်းမိသားစု (၃၇၁) ဦးကို စစ်ဆေး ခဲ့ရာ (၅)ဦး၌ ကိုဗစ်-၁၉ရောဂါ တွေ့ရှိခဲ့ကြောင်း  မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။

အဆိုပါ ပိုးတွေ့လူနာများအား နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ကြပ်မတ်ကုသ ထားရှိကြောင်းနှင့် မကြာမှီကျောင်းများ ပြန်လည် ဖွင့်လှစ်ရာတွင် ဆရာ၊ ဆရာမများ ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းစွာဖြင့် ပညာသင်ကြားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပညာရေးဝန်ထမ်းနှင့် ဝန်ထမ်း မိသားစုများအား စစ်ဆေးရခြင်း ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။

သတင်း - ထွေးငယ်၊(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)