မိုင်းယောင်း၌ ရဟန်းသာမဏေတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်း၌ ရဟန်းသာမဏေတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ဆက်ကပ်လှူဒါန်း



မိုင်းယောင်း၊ နိုဝင်ဘာ  ၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဝမ်ဇလီလော်) ကျောင်းတွင် သီတင်းသုံးတော်မူသော ရဟန်းသာမဏေ ၁၇ ပါးတို့အား မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့က ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။

မြို့နယ်ကြကခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များက ကျောင်းရှိ ရဟန်း သာမဏေ ၁၇ ပါးတို့အား mask၊ လက်သန့်ဆေးရည်၊ ဗလာစာအုပ်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာ၊ လက်သည်းညှပ်စသော လှူဖွယ်ရာများ ဆက်ကပ်လှူဒါန်းပြီး အသိပညာပေး ဗဟုသုတအဖြစ် ‟မိုင်းအန္တရာယ်ကင်းရှင်းရေး” အကြောင်းကို ရှင်းလင်းလျှောက်ထားကြောင်း သိရသည်။

သတင်း - စိုင်းအောင်ဇော်လင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)