စလင်း၊ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊စလင်းမြို့၌ ယမန်နေ့ ညနေ၆နာရီခန့်က၊မြင်တင်ရပ်ကွက်၊မြောက်မြို့ရိုးလမ်း၊မြို့မစည်ပင်သာယာဈေးအတွင်းရှိဆိုင်ခန်းများမီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာနေရာသိုစလင်းမြို့နယ်မီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ်၃စီး၊မီးသတ်ရေသယ်ယာဉ်၂စီး၊မီးသတ်စက်ယာဉ်၁စီး၊ဆင်ဖြူကျွန်းမီးသတ်နယ်မြေစခန်းမှမီးသတ်ရေသယ်ယာဉ်၂စီး၊တညောင်နယ်မြေမီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ်၁စီး၊ကံပြားနယ်မြေမီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ်၁စီး၊ပွင့်ဖြူမြို့နယ်မီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ်၂စီး၊မီးသတ်ရေသယ်ယာဉ်၁စီး၊မင်းဘူးခရိုင်မီးသတ်စခန်းမှမီးငြှိမ်သတ်ယာဉ်၁စီး၊ကုန်းဇောင်းမီးသတ်နယ်မြေစခန်းမှမီးငြှိမ်းသတ်ယာဉ်၁စီး၊စလင်းမြို့နယ်စည်ပင်မှရေသယ်ယာဉ်၁စီး၊စုစုပေါင်းမီးသတ်ယာဉ်၁၆စီးတို့ဖြင့်မီးငြှိမ်းသတ်ခဲ့ရာည၇နာရီခွဲအချိန်ခန့်တွင်မီးငြိမ်းခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါမီးလောင်မှုကြောင့်စလင်းမြို၊မြိုမစည်ပင်သာယာဈေးတွင်ဆိုင်ခန်းပေါင်း(၇၆၃)ခန်းခန့်ရှိသည့်အနက်ကွန်ကရစ်ခင်းသွပ်မိုး၊အကာအရံမရှိ(၆၆)ပတ်လည်ရှိတောင်းပလုံးဆိုင်ခန်း(၄၄)ခန်း၊ငှက်ပျောဆိုင်ခန်း(၆)ခန်း၊အလှကုန်ဆိုင်ခန်း(၁၀)ခန်း၊ကုန်စုံပစ္စည်းဆိုင်ခန်း(၆၉)ခန်း၊စုစုပေါင်းဆိုင်ခန်း(၁၂၉)ခန်းခန့်မီးလောင်ဆုံးရှုးခဲ့ပြီးမီးလောင်မှုအကြောင်းရင်းအားစုံစမ်းဆဲဖြစ်ကြောင်းသိရသည်။
မီးလောင်မှုကြောင့် ဆုံးရုံးမှုတန်ဖိုးအားမသိရှိရသေးယခုလအတွင်း မကွေးတိုင်းဒေသကြီးအတွင်းရှိစည်ပင်သာယာဈေးများအနက် ယခုလိုဖြစ်စဉ်နှစ်ကြိမ်ရှိခဲ့ကြောင်းလည်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment