ကျောက်မဲ၊ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာ အုပ်စု ၊ ခိုအုံကျေးရွာရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံး အဆောက်အဦးတွင် ရောက်ရှိခိုလှုံနေသည့် တိုက်ပွဲရှောင်ပြည်သူ များအား ယနေ့နံနက် ၁၀ နာရီအချိန်က ကျောက်မဲမြို့နယ် ဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ကျောက်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်အောင်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရှမ်းစာပေနှင့် ယဉ်ကျေးမှုရုံး၌ ဟူးဆွန်၊ မြိုင်းဆိုင်းနှင့် တွန်ဟိတ် ကျေးရွာများမှ တိုက်ပွဲ ရှောင်ပြည်သူ ၅၃၀ ဦးခန့် ရောက်ရှိခိုလှုံနေပြီး ၎င်းတို့အထဲမှ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့်သူ ၉၉ ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း ၅၅ စု ပြုလုပ်ပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။ ကျောက်မဲမြို့နယ်ရှိ အခြားတိုက်ပွဲရှောင် စခန်း ၃ခု ဖြစ်သည့် သန္တိသုခဓမ္မရုံ၊ မန်ကျောင်းဘန်းတော်ကြီးကျောင်း၊ တောင်နောက် ဘုန်းကြီးကျောင်းများသို့လည်း အလားတူ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - မိုင်းထွန်း(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment