မိုင်းယန်း၊ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား RDT Tesk Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက အခမဲ့သွားရောက်စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့သွားရောက်စစ်ဆေးပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း များနှင့် လူမူရေးအသင်းအဖွဲ့များက မိုင်းယန်းမြို့အတွင်းရှိ ပါလျှံဘုန်းတော်ကြီးကျောင်းနှင့် ထေရ ဝါဒသာသနာပြုဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် ကျောင်းဝေရာဝတ်စ လုပ်ကိုင်
သူများအပါအဝင် စုစုပေါင်း(၉၃)ဦးတို့အား RDT Tesk Kit ဖြင့် အခမဲ့ သွားရောက်စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှ နိုဝင်ဘာ ၂၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ(၁၅၅)ဦးတွေ့ရှိသည့်အနက် ကျန်းမာရေးပြန်လည်ကောင်းမွန်၍ နေ အိမ်သို့ ပြန်လည်စေလွတ်သူ(၁၃၇)ဦးရှိကြောင်း သိရသည်။
သတင်း - ထွန်းထွန်းထူး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment