မောက်မယ်၊ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီမှ ဦးဆောင်၍အထူးစီမံချက်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဈေးတန်းရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ခန်းမကာကွယ်ဆေးထိုးစုရပ်တွင် မြို့မအုပ်စုရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး/မပြီး ၊ RDT Test Kit ဖြင့်စစ်ဆေးပြီး ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ချက်ချင်းစာရင်း ကောက်ယူ၍ ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီကစတင် ပြုလုပ်ခဲ့သည်။
ဆက်လက်ပြီး ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးခဲ့သည့် မြို့မအုပ်စုရှိ ရပ်ကွက်နှင့်ကျေးရွာများ တို့မှပြည်သူများအား ယနေ့နံနက်ပိုင်း ၉ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တရုတ်နိုင်ငံထုတ် (Sinophram) အမျိုးအစား ကာကွယ်ဆေးအား ဆေးတစ်လုံးလျှင် လူငါးယောက် နှုန်းဖြင့်ဈေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ခန်းမ ကာကွယ်ဆေး ထိုးစုရပ်တွင် တတိယအသုတ် (ဒုတိယအကြိမ်) ထပ်မံထိုးနှံ ပေးနေကြောင်း သိရသည်။
သတင်း - စိုင်းမျိုးသန့်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment