ပင်းတယ၊ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်း က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခန်းမနှင့် ထိုးပုံကျေးရွာအုပ်စုအတွင်းရှိ ထိုးပုံ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ခွဲခြားသတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် နိုဝင်ဘာ ၂ဝ ရက်နေ့မှစ၍ ယနေ့ထိ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုထ္ထသုတ် ပထမအကြိမ် Sinopharm Phase -4 (First Dose) ကို ဆက်လက် ထိုးနှံ ပေးကြောင်း သိရသည်။
ထိုသို့ စတုထ္ထသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာ ယမန်နေ့က ပင်းတယမြို့နယ် အတွင်း ဆူးဗိုလ်ကုန်းရပ်ကွက် (၂၂) ဦး၊ ရွာငယ်ရပ်ကွက်မှ (၂၂) ဦး၊ သီရိမင်္ဂလာရပ်ကွက်မှ (၂၀) ဦး၊ အနောက်ရပ်ကွက်မှ (၃၀) ဦး ငှက်ပျောတော ရပ်ကွက်မှ (၂၅)ဦး၊ ပြည်တော်သာရပ်ကွက်မှ (၅)ဦး၊ ရေချမ်းစင်ဇုံမှ (၇) ဦးဖြစ်ပြီး(၅၅)နှစ်နှင့် အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် စုစုပေါင်း (၁၃၁) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင် များက ကာကွယ်ဆေး ထိုးနှံရန် လာရောက်ကြသော အသက်(၅၅)နှစ် နှင့်အထက် ပြည်သူများနှင့် သတ်မှတ် ဦးစားပေးအုပ်စု အလိုက် လူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေးအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးကြပြီး မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ က (၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုထ္ထသုတ် ပထမအကြိမ် (Sinopharm Phase-4 (First Dose)ထိုးနှံပေးရာ နိုဝင်ဘာ ၂၀ရက်နေ့မှ ၂၃ ရက်နေ့အထိ စုစုပေါင်း(၁၃၁) ဦးထိုးနှံပြီးကြောင်း သိရသည်။
သတင်း - မိုးမိုးထွေး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment