ဒဂုံမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ဦးဝိစာရ ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ဦးဝိစာရ ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်


ဒဂုံ၊ နို၀င်ဘာ  ၂၁

ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယနေ့နံနက် (၉:၀၀) နာရီ အချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို ပထမအကြိမ်(Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့ ဆေးထိုးနှံရာတွင် အသက်(၄၀)နှစ်နှင့်အထက် ဦးဝိစာရ ရပ်ကွက်နေ ပြည်သူ စုစုပေါင်း (၂၂၅) ဦး ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။

ကာကွယ်ဆေး ထိုးနှံရာနေရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာ မရှိစေရေးအတွက် ဒဂုံ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ် ကျန်းမာ ရေး ဦးစီးဌာနမှူး ဒေါက်တာရွှေပြည်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုး လာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)