လယ်ဝေးမြို့ လျှပ်စစ်ရုံးဝန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ရာ ပေါက်ကွဲမှု မရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့ လျှပ်စစ်ရုံးဝန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ရာ ပေါက်ကွဲမှု မရှိ


လယ်ဝေး၊ နိုဝင်ဘာ  ၂၁

လယ်ဝေးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးရှိ လယ်ဝေးမြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံး၌ ယနေ့ည(၇)နာရီခန့်က  မြို့နယ်လျှပ်စစ်ဝန်ထမ်း ဦး တင်ဇော်၊ လယ်ဝေး မြို့နယ်နေသူ ဖုန်းတာဝန်ကျနေစဉ် သာဝတ္ထိဘက်မှ လယ်ဝေးမြို့ဘက်သို့ အမည်(စိစစ်ဆဲ)လူ ၂ ဦးမှ ဆိုင်ကယ်ဖြင့် လက်ပစ်ဗုံး ၁ လုံးအားပစ်ခတ်ခဲ့ရာ ရုံးခန်းဘေး သံမံတလင်းပေါ်သို့ ကျရောက်ခဲ့ကြောင်း တွေ့ရှိရသဖြင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး မင်းကျော်သူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင် မောင်ဦး၊ စရတ(နပတ)မှ တက ခင်မောင်စိုး တို့မှသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ MG-1 ပလပ်စတစ်လက်ပစ်ဗုံး ၁ လုံး(လုံခြုံရေးပင်အား ရုံးဝင်ပေါက်သံပန်းသံတံခါ်းရှေ့တွင်တွေ့ရှိ)အား တွေ့ရှိကာ ပေါက်ကွဲမှုမရှိကြောင်း သိရသည်။

ထို့နောက်  စအရ(၉၂၀)သို့အကြောင်းကြားခဲ့ရာ  စအရ(၉၂၀)မှ ကြည်း ၇၄၁၀၄ ဗိုလ် ဇင်မောင်မောင် ဦးစီး (၁+၁၀)၁၁ ဦးတို့မှ လာရောက်ရှင်းလင်းခဲ့ပြီး လူနှင့် ပစ္စည်းထိခိုက်မှုမရှိကြောင်းသတင်းရရှိသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)