မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများမရှိစေရေး အထူးစီမံချက်ဖြင့် ကျေးရွာများသို့ ကွင်းဆင်း စစ်ဆေးပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများမရှိစေရေး အထူးစီမံချက်ဖြင့် ကျေးရွာများသို့ ကွင်းဆင်း စစ်ဆေးပေးလျက်ရှိ

 


မိုင်းဖြတ်၊ နိုဝင်ဘာ  ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ လျော့နည်းပပျောက်စေရေးအတွက် အထူးစီမံချက်ဖြင့် ရပ်ကွက်နှင့် ကျေးရွာများသို့ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးပေးလျက်ရှိရာ ယမန် နေ့ နံနက်ပိုင်းက ဝမ်ပုံကျေးရွာနှင့် ဝမ်ယန်းကျေးရွာသို့ ကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးပေးရာတွင် Covid-19 FeverClinicမှ တာဝန်ကျကျန်းမာရေးဝန်ထမ်းများ၊ မိုင်းဖြတ်လူမှုရေးကူညီ မှုအသင်းဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက  ဝမ်ပုံကျေးရွာနှင့် ဝမ်ယန်းကျေးရွာမှ ကျေးရွာနေပြည်သူ (၂၇၀)ဦးကို စစ်ဆေးပေးခဲ့ရာ (၁)ဦး၌  ကိုဗစ်-၁၉ရောဂါ စစ်ဆေးတွေ့ရှိ ခဲ့သည်။

အဆိုပါ စစ်ဆေးပေးနေမှုအား၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ရဲမှူး အောင်မျိုးနှင့်အဖွဲဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။

ယနေ့တွင်   ကိုဗစ်-၁၉ရောဂါ စစ်ဆေးမှုများအရ မြို့နယ်ပြည်သူ့ဆေးရုံရှိ Fever Clinic၌ စစ်ဆေးသူ (၂၄)ဦးအနက် ရောဂါပိုးတွေ့ရှိသူ (၃)ဦး၊ ဝမ်ပုံနှင့် ဝမ်ယန်းကျေးရွာ၌ စစ်ဆေးသူ (၂၇၀)ဦး အနက် (၁)ဦး စုစုပေါင်း(၄)ဦး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)