ပလောက်မြို့တွင် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ပထမ/ဒုတိယအကြိမ်)အဖြစ်ဆက်လက် ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောက်မြို့တွင် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ပထမ/ဒုတိယအကြိမ်)အဖြစ်ဆက်လက် ထိုးနှံပေးလျက်ရှိ





ပလောက်၊ နိုဝင်ဘာ   ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိအသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေး ခြင်းနှင့် (ဒုတိယ အကြိမ်) ထိုးနှံရန်ကျန်ရှိသူများ အားကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီ အချိန်ခန့်တွင် ပလောက်ဆေးတပ်ဖွဲ့မှ ကျန်းမာ ရေး ဝန်ထမ်းများကပလောက် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရွှေသီလာ ရတနာ ခန်းမ၌ စနစ်တကျ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင်အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူတို့အား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ကောင်းမွန် သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

သတင်း - နှင်းမြူလွင် 

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)