ကျောက်ပန်းတောင်း၊ နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူ ရဟန်း၊ ရှင်၊ လူ ပုဂ္ဂိုလ်များကို ဒုတိယအသုတ်(ဒုတိယအကြိမ်)နှင့် တတိယအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်ဆေးထိုး စုရပ်များဖြစ်သည့် မြို့နယ်သာသနာ့ဗိမာန်နှင့် မြို့နယ်အားကစားခန်းမတို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရဟန်း၊ ရှင်၊ လူပုဂ္ဂိုလ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ဒုတိယအသုတ်(ဒုတိယအကြိမ်)နှင့် တတိယအသုတ်(ပထမအကြိမ်)အဖြစ် အောက်တိုဘာ(၂၄)ရက်နေ့မှစတင်၍ သက်ဆိုင်ရာ အုပ်စုအလိုက် သတ်မှတ်စုရပ် အသီးသီးတွင် ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ (၁)ရက်နေ့အထိ၊ ဒုတိယအသုတ်(ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း (၇၀၂၅)ဦးရှိပြီဖြစ်ကြောင်းနှင့် တတိယအသုတ် (ပထမကြိမ်) (၁၁၅၇၃)ဦး ကာကွယ်ဆေးထိုးနှံပြီးစီးပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုး လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဝင်၊ ဆပ်ကော်မတီဝင် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့် မီးသတ်/ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကူညီမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နေအောင်(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment