မြောက်ဦးမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး


မြောက်ဦး၊ နိုဝင်ဘာ  ၁၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်တစ်နှစ်ခွဲ အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးနှင့် မြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးစုရပ် ၅ နေရာ၌ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာနမှ  ဝန်ထမ်းများက မြောက်ဦးမြို့ပေါ် ရပ်ကွက်များရှိ သတ်မှတ်စုရပ်နေရာများ ဖြစ်သော အလယ်ဈေး ရပ်ကွက်တွင် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းပိုင် သားဖွားခန်း၊ မြိုနယ်ဆေး ရုံဟောင်း၊ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ညောင်ပင်ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ တောင်ရပ် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးစသော စုရပ်နေရာများ၌ အသက်တစ်နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ (ရိုတာ) ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဦးနှောက် အမြှေးပြားရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုးစသည့် ကာကွယ်ဆေး ရှစ်မျိုးအား ထိုးနှံတိုက်ကျွေးပေးခြင်း၊ ကာကွယ်ဆေး လာရောက် ထိုးနှံသည့်  ကလေးငယ်များအား ကိုယ်အလေးချိန် တိုင်းတာပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်နှင့် ဆုံဆို့နာ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ခင်မောင်ထွန်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)