မိုင်းခတ်၊ နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့၌ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၃၇) ဦးရှိသည့်အနက် ယနေ့အထိ (၃၁၀) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများတို့က ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှ သာ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်၊ ဆရာ/မများနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment