စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ရေမြက်ကျေးရွာအုပ်စု၊ ရေမြက်ကျေးရွာတွင် သီတင်းကျွတ်လပြည့်နေ့လည် တစ်နာရီ တွင် PDFအကြမ်းဖက်များဖြစ်ကြသော ဦးဏိဿရ၊ ဦးမင်းမင်းဦး၊ သောင်းဌေး၊ ဘိုမင်း၊ ဆွေမြင့်၊ ဆွေသိန်း၊ မြင့်သိန်း၊ ဖိုးထား၊ မျိုးလှိုင်ဝင်း၊ အောင်မြင့်ဦး၊ နေထက်လင်း၊ ဟိန်းမင်းထက်၊ ဌေးလွင်၊ စိုးကို၊ ဇော်ကိုလတ်၊ အောင်သူ၊ ရင်ရင်အေးတို့သည် မိမိတို့နဲ့တစ်ရွာတည်းနေ ရွာခွဲခေါင်းဆောင်ဟောင်း ကိုဝင်းစိုးကျော်၊ ဒေါ်ချို၊ မငြိမ်းအိမွန်တို့ကို ဒလန်ဟု မဟုတ်မမှန် စွပ်စွဲပြီး နောက်ပြန်လက်ကြိုးတုပ် မျက်နှာပုဝါစီး၍ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်၍ ၎င်းကျေးရွာအနောက်ဘက် သစ်တောထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားပါသည်။
ဒေါ်ချိုနှင့် မငြိမ်းအိမွန် တို့နှစ်ဦးအား ထိုနေ့ညနေတွင် ပြန်လွှတ်လိုက်သော်လည်း ကိုဝင်းစိုးကျော်မှာ ယနေ့ချိန်ထိ ရွာကိုပြန်ရောက်လာခြင်းမရှိ ဘာသတင်းမှမကြားရတော့ပါ။ ထိုအကြမ်းဖက်အဖွဲ့က ကျေးရွာနဲ့မနီးမဝေးရှိ ဝက်ဖြူကျေးရွာ၊ တမာတောကျေးရွာ၊ ဥယျာဉ်ကျေးရွာများမှ ပြည်သူများကို လူသတ်၊ မုဒိမ်းကျင့်၊ ဓါးမြတိုက်၊ နေအိမ်များမီးရှို့မှုများ ဆက်တိုက်ကျူးလွန်နေပါသဖြင့်ရေဦးမြို့ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြိမ်ကြိမ်အ ကြောင်းကြားခဲ့သော်လည်း ယနေ့အချိန်ထိ လာရောက်အရေးယူခြင်း မရှိပါ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (အိမ်စောင့်အစိုးရ) နိုင်ငံတော်ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ၊ စစ်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နယ်လုံဝန်ကြီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(န.မ.ခ)တိုင်းမှူး၊ စစ်ကိုင်းတိုင်းဒေသကြီး ရဲချုပ် တို့အနေဖြင့် ဥပဒေစိုးမိုးရေးကိုလိုလားသော ပြည်သူလူထု၏ အသက်အိုးအိမ်စည်းလုံခြုံရေးအတွက် အကြမ်းဖက်သမားများ၏ ရန်ပြု၊ စော်ကား၊ သတ်ဖြတ်နေမှုများမှ အမြန်ဆုံးအကာကွယ်ပေးရန် ကျေးရွာများနေပြည်သူလူထု ကိုယ်စား တာဝန်သိ ပြည်သူတစ်ယောက်အနေဖြင့် လေးစွာအသိပေးတင်ပြပါသည်။
တာဝန်သိ ပြည်သူတစ်ဦး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment