ကျိန္တလီမြို့၌ ဦးစားပေးအုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိန္တလီမြို့၌ ဦးစားပေးအုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးလျက်ရှိ


ကျိန္တလီ၊ နိုဝင်ဘာ   ၁၆

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ ဆေးထိုးစုရပ်၌ ဦးစားပေးအုပ်စုများအလိုက် နိုဝင်ဘာ ၁၅ ရက်နေ့ နံနက်(၉)နာရီအချိန်မှ ညနေ(၄)နာရီအချိန်ထိ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ဆေးလာရောက်ထိုးနှံသူများအား အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများကအမည်စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်းချိန်တိုင်း တာပေးခြင်း ၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ သွေးတွင်းအောက်စီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပေးခြင်း တို့ကိုဆောင်ရွက်ပေးလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများကလိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

ဆက်လက်၍ ကျိန္တလီမြို့ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ဦးစားပေးအုပ်စုများအလိုက် ကိုဗစ်-၁၉ရော ဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိရာ နိုင်ငံ့ဝန်ထမ်း(၁)ဦး ၊ ပုဂ္ဂလိက အလုပ်ရုံ/စက်ရုံများမှ ဝန်ထမ်း(၁၃)ဦး ၊ အသက်(၁၈)နှစ်အထက်ပြည်သူ(၄၄၆)ဦး စုစုပေါင်းပြည်သူ(၄၆၀)ဦးတို့ကို  ထိုးနှံပေးနိုင်ခဲ့ ကြောင်းသိရသည်။

သတင်း - ခိုင်မိုးမင်း(ပြန်/ဆက်)

 https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)