ပုသိမ်မြို့ လယ်တီဘုန်းကြီး ကျောင်း ရှေ့တွင် အသံဗုံးတစ်လုံး ယ နေ့မနက်ပိုင်းက ပေါက်ကွဲထိခိုက်မှုမရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုသိမ်မြို့ လယ်တီဘုန်းကြီး ကျောင်း ရှေ့တွင် အသံဗုံးတစ်လုံး ယ နေ့မနက်ပိုင်းက ပေါက်ကွဲထိခိုက်မှုမရှိ


ပုသိမ်၊ နိုဝင်ဘာ   ၁၆

ပုသိမ်မြို အမှတ် ၁ ရပ်ကွက်၊ လယ်တီဘုန်းကြီး ကျောင်း ရှေ့၊ ငဝန်ကျွန်းသာ ၂ လမ်းရှိ ဓါတ်တိုင် အောက်တွင် ယ နေ့ နံနက် ၇ နာရီ ၃၅ မိနစ်ခန့်က အသံဗုံးတစ်လုံး   ပေါက်ကွဲခဲ့ပြီး  ၎င်းနှင့်မျက်နှာချင်းဆိုင် လမ်း ဘေးတွင် အသံဗုံးတစ်လုံး ထပ်မံ ပေါက်ကွဲခဲ့ ကြောင်း သိရသည်။

 အဆိုပါ အခင်းဖြစ် နေရာသို့ ပုသိမ်မြို့နယ်ကလုံခြုံရေးတပ်ဖွဲဝင်များပါဝင်သောပူးပေါင်းအဖွဲ့က မနက် ၈ နာရီတွင်  ရောက်ရှိပြီး မိုင်းရှင်းလင်း ရေး ဆောင်ရွက်စဉ် လယ်တီ ကျောင်း ရှေ့  ရွှေကျွန်းသာလမ်း ဘေးတွင် အသံဗုံး ၂ လုံး ထပ်မံ တွေ့ရှိရ ကြောင်း၊ မိုင်းရှင်းလင်း ရေူအဖွဲ့မှ  ရှော့တိုက်၍ ဖောက်ခွဲခဲ့ပြီး ၉ နာရီတွင် မိုင်းရှင်းလင်း ရေး  ဆောင်ရွက်ပြီး ကြောင်း သိရသည်။

 အဆိုပါ  ပေါက်ကွဲမှု ကြောင့် လူ/ပစ္စည်း  တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှု မရှိခဲ့ ကြောင်း နယ် မြေရဲတပ်ဖွဲ့ တာဝန်ရှိသူထံမှသိရသည်။ယခုလအတွင်း အကြာခဏဆိုသလိုပုသိမ်မြို့နယ်တွင် အသံဗုံးများ ပေါက်ကွဲလျှက်ရှိသောလည်းထိခိုက်မှု မရှိကြောင်း ဒေသခံများကဆိုသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)