မိုင်းဆတ်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဆတ်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေး


မိုင်းဆတ်၊ နိုဝင်ဘာ  ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌  အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအား ပထမအသုတ် ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာ အထက်တန်း ကျောင်းတွင် စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က  ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်း တို့ကိုဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်းနှင့် တာဝန်ရှိသူတို့က လာရောက်ကြည့်ရှု အားပေး ခဲ့ကြပြီး အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၁၉၃၂) ဦးကို သတ်မှတ်စုရပ်နေရာ(၁၆)နေရာတွင် စတင် ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာလ (၁၇)ရက်နေ့တွင် အ.ထ.ကခွဲ (လ-၁)၊ အ.ထ.က မိုင်းခုတ်နှင့် အ.လ.က မိုင်းနင်းကျောင်းတို့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မြင့်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)