ပြင်ဦးလွင်၊ နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းတို့ရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက် လက် ထိုးနှံ ပေးခြင်းကို ယနေ့ နံနက် (၉) နာရီ မှ စတင်ပြီး အမှတ် (၄)၊ အခြေခံပညာ အထက်တန်း ကျောင်း၊ ကံ့ကော် ခန်းမ၌ ဆေးထိုးစုရပ်အဖြစ်သတ်မှတ်ပြီး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးစုရပ်နေရာသို့ ဆေးထိုးရန် လာရောက်ကြသည့် ကျောင်းသား ၊ ကျောင်းသူ များအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လက်ဆေးခြင်း၊ Mask နှင့် Face Shield များ တပ်ဆင်ခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ စာရင်းများရေးသွင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်း စသည့် ကျန်းမာရေး ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ပြီး ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ ကာကွယ်ဆေး ( ၁ ) လုံးလျှင် လူဦးရေ ( ၂ ) ဦးနှုန်းဖြင့် ထိုးပေးလျက်ရှိသည်။
ဆက်လက်ပြီး ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း နောက်ဆက်တွဲ ကျန်းမာရေး အခြေအနေများ သီးသန့်ထားရှိစောင့်ကြည့်စေကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အပြည့်အဝပေးလျက် ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment