ဝါးခယ်မမြို့နယ်၌ အသက် (၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ် ) ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါးခယ်မမြို့နယ်၌ အသက် (၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ် ) ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးထိုးနှံပေး

 


ဝါးခယ်မ၊ နိုဝင်ဘာ  ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် အထက်တန်း၊ အလယ်တန်း‌ကျောင်းများရှိ အသက် (၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၉)နာရီမှစတင်၍ ဝါးခယ်မမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအပါအဝင်‌ ဆေးထိုးစုရပ် (၁၀)နေရာ၌ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများမှ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးများ စစ်ဆေးပေးခြင်း၊ လိုအပ်သည့် အကူအညီများပေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။ ဝါးခယ်မြို့နယ်တွင် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ကျောင်းသား/သူဦးရေမှာ စုစုပေါင်း (၁၂၄၂၂)ဦး ရှိကြောင်း သိရသည်။

သတင်း - စောသန္တာဦး

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)