တာချီလိတ်၊ နိုဝင်ဘာ ၉
လာအိုနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသား(၁၇၁)ဦး၊ အမျိုးသမီး (၁၀၈)ဦး စုစုပေါင်း (၂၇၉)ဦးကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံ ဆိပ်ကမ်းတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲ က မြန်မာ တာဝန်ရှိသူများမှ လက်ခံခဲ့ကြသည်။
နေရပ်ပြန်မြန်မာနိုင်ငံသားများကို စစ်ဗျူဟာအဖွဲ့(အခြေချ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့်အဖွဲ့ဝင်များက ကြိုဆိုလက်ခံခဲ့ကြသည်။
အဆိုပါနေရပ်ပြန်များကို ကျန်းမာရေးဌာနတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခဲ့ရာ ရောဂါပိုးကူးစက် ခံထား ရကြောင်းတွေ့ရှိသည့် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၃)ဦး စုစုပေါင်း (၅) ဦးအား သီးသန့်ထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှု ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်ရှိသူ အားလုံးကို ဝမ်လုံး Quarantine Centre သို့ပို့ဆောင်ပြီး ၃ ရက်မြောက်နေ့တွင် နှာခေါင်းနှင့် အာခေါင်တို့ဖတ်ရယူ၍ တောင်ကြီးမြို့သို့ ပို့ဆောင်စစ်ဆေး အတည်ပြုချက်ရယူပြီး ရောဂါပိုး ကင်းစင်သူများကို ၎င်းတို့နေရပ် အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။
တာချီလိတ်မြို့တွင် လာအိုနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ဇူလိုင်လ ၃၀ ရက်နေ့ မှစတင်လက်ခံခဲ့ရာ ယနေ့(၁၅)ကြိမ်မြောက်ဖြစ်ပြီး ကျား၊ မ စုစုပေါင်း (၄၃၅၄) ဦးကို ပြန်လည်လက်ခံပြီးဖြစ်ကြောင်း သိရသည်။
သတင်း - ယာဆေး(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment