မိုင်းပျဉ်း၊ နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း(၁၂)ရွာမှ အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ် ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်မတ်ကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဟောင်ကန်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ ပေါင်း(၁၂) ရွာမှ အသက်(၁၈) နှစ်အထက် ပြည်သူ(၂၀၀)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာ ပေးခြင်းနှင့် သွေးပေါင် ချိန်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးသည်။
မိုင်းပျဉ်းမြို့နယ်တွင် ယနေ့အထိ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိအသုတ်၊ ဒုတိအကြိမ်အဖြစ် အသက်(၁၈) နှစ်အထက် ပြည်သူ (၃၉၈၅) ဦးအား ထိုးနှံပေးပြီးဖြစ်ပြီး ထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ယဉ်ယဉ်ဝင်း(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment