ပျော်ဘွယ်၊ နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံသားများနှင့်တိုင်းရင်းသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေး နိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ချောင်းမကြီး ကျေးရွာအုပ်စုတွင် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ဦးစီးမှူး ဦးထွန်းလွင်နှင့်ဝန်ထမ်းများက အဆိုပါကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၆)နှစ် (၁၈)ကြား ရှိပြည်သူ(၂၂)ဦး၊ အသက်(၁၈)နှစ်အထက်ပြည်သူ (၇၄)ဦး တိုအားနိုင်ငံသား စိစစ်ရေး ကတ်ပြားများဆောင်ရွက် ပေးနိုင်ခဲ့ပြီး စီမံချက်စတင်သည့်နေမှ ယနေ့အချိန်အထိ နိုင်ငံသားစိစစ် ရေးကတ်ပြားထုတ်ပေးနိုင်မှုမှာ(၃၉၃၂)ဦး၊ အိမ်ထောင်စုပေါင်း(၈၆၆)နှင့် အိမ်ထောင်စုလူဦးရေ စာရင်းထပ်တိုးများ၊ ပြောင်းဝင်၊ ပြောင်းထွက်များ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် ချောင်းမကြီးကျေးရွာအုပ်စုတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများဆောင်ရွက်ပေးနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်နှင့် အဖွဲ့ဝင်များ ကလည်း လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်း - မင်းမင်းထွေး(ပျော်ဘွယ်)
No comments:
Post a Comment