ဆင်ပေါင်ဝဲ နိုဝင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းမှ ဇောင်ချမ်းတောင်-ချောင်းသာ ကျေးရွာ ချင်းဆက်လမ်းပိုင်း(၃မိုင် အကျယ်၁၈ပေ)အား မိုးများရွာသွန်း၍ ပျက်စီးသွား သောကြောင့် ကိုယ်အားကိုယ်ကိုး ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းပြင်ဆင်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဇောင်ချမ်းတောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှု၊ စေတနာရှင်ရွာသူ၊ ရွာသားများ စုပေါင်းလှူဒါန်းခဲ့ရာ တစ်နာရီ သုံးသောင်းကျပ်နှုန်းဖြင့် အချိန်(၂၅)နာရီအတွက် စုစုပေါင်း (၇၅၀၀၀၀)ကုန်ကျပြီး ပြုပြင်ဆောင်ရွက် ခခဲ့သောကြောင့် ဆိုင်ကယ်ဖြင့် သွားလာရာတွင် အဆင်ပြေချောမွေ့ သွားပြီဖြစ်ကြောင်း ဇောင်ချမ်းတောင် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ချိုချိုဝင်း(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment