ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ နည်းပြ၊ သရုပ်ပြသစ်လွင်များနှင့် အခြေခံပညာဆရာ၊ ဆရာမသစ်လွင်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ နည်းပြ၊ သရုပ်ပြသစ်လွင်များနှင့် အခြေခံပညာဆရာ၊ ဆရာမသစ်လွင်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲတက်ရောက်



တောင်ကြီး၊ နိုဝင်ဘာ ၉

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီးပညာရေးဒီဂရီ ကောလိပ် နည်းပြ၊ သရုပ်ပြသစ်လွင်များနှင့် အခြေခံပညာဆရာ၊ ဆရာမသစ်လွင်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ တောင်ကြီးပညာရေး ဒီဂရီကောလိပ်ခန်းမ၌ ကျင်းပသည်။


ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပညာရေးရည်မှန်းချက် တစ်ခုဖြစ်သည့် ပညာအခြေပြု လူ့စွမ်းအားအရင်းအမြစ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဆရာအတတ် ပညာအရည်အသွေး ပြည့်ဝကျွမ်းကျင်သော ဆရာ၊ ဆရာမများ အဖြစ် ပြုစုပျိုးထောင်ပေးရမှာ ဖြစ်ကြောင်း၊ အရည်အသွေး ပြည့်ဝကျွမ်းကျင်သော အခြေခံပညာ ဆိုင်ရာ ဆရာ၊ ဆရာမများ ပေါ်ထွန်းလာနိုင်ရေးအတွက် ဆရာအတတ်ပညာ များကို စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်သော ဆရာအတတ်ပညာဆိုင်ရာ ပညာရှင်များ ကိုလည်း စဉ်ဆက်မပြတ် မွေးထုတ်၍ အရည်အချင်းမြှင့်တင်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာနတို့မှ အသစ်ခန့်အပ်သော နည်းပြ၊ သရုပ်ပြများကို သက်ဆိုင်ရာ တက္ကသိုလ်၊ ပညာရေးဒီဂရီ ကောလိပ်များတွင်လည်းကောင်း၊ အခြေခံပညာဦးစီးဌာနမှ အသစ်ခန့်အပ် သော အထက်တန်းပြ(၁၆၃၂)ဦး၊ အလယ်တန်းပြ (၇၅၂) ဦး၊ မူလတန်းပြ (၄၅၆၉)ဦး၊ စုစုပေါင်း (၆၉၂၆)ဦးတို့အား သက်ဆိုင်ရာပညာရေးတက္ကသိုလ် (၂) ကျောင်း၊ ပညာရေးဒီဂရီကောလိပ်(၂၅) ကျောင်းတို့တွင်လည်းကောင်း ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်မှ ဒီဇင်ဘာလ(၈)ထိ စခန်းသွင်း သင်တန်းပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ ပညာရှင် ဆရာကြီး၊ ဆရာမကြီးများ ကပို့ချသော သင်ကြား နည်းစနစ်များနှင့် သိသင့်သိထိုက်သော အသိပညာ၊ အတတ်ပညာများကို သင်တန်းကာလ အတွင်း မိမိတို့၏ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ သင်ယူမှတ်သားကြရန် အထူးတိုက်တွန်း လိုပြီး နိုင်ငံအတွက် အားကိုးရသော ဝန်ထမ်းကောင်း ဆရာ၊ ဆရာမများဖြစ်ကြပါရန်ပြောကြားသည်။


ဆက်လက်၍ တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးမှ အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ နည်းပြ၊ သရုပ်ပြသစ်လွင်များနှင့် အခြေခံပညာ ဆရာ၊ ဆရာမသစ်လွင်ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ တောင်ကြီးပညာရေး ဒီဂရီကောလိပ်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးက လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူတို့က ဆရာ၊ ဆရာမများအား လိုက်လံနှုတ်ဆက်ကြပြီး တောင်ကြီးပညာရေးဒီဂရီ ကောလိပ်၊ နည်းပြ၊ သရုပ်ပြသစ်(၁၃)ဦး၊ အခြေခံပညာဆရာ၊ ဆရာမသစ်လွင်(၃၂၅)ဦး၊ စုစုပေါင်း (၃၃၈) ဦး တက်ရောက် ကြကြောင်းသိရသည် သိရသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့သည် တောင်ကြီးတက္ကသိုလ်သို့ သွားရောက်ကာ ကျိုင်းတုံခန်းမ၌ တောင်ကြီးတက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်တက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာ စကားပြောကြားပြီး တောင်ကြီးတက္ကသိုလ်တွင် အသစ်ခန့်ထား သည့် နည်းပြသရုပ်ပြဆရာ၊ ဆရာမသစ်လွင်များ မွမ်းမံသင်တန်း အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ တောင်ကြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေတီတင် မှလက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ဆရာ၊ ဆရာမများအား လိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။


အဆိုပါ တောင်ကြီးတက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြဦးရေ (၈၆)ဦး တက်ရောက်ကြပြီး တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ပင်လောင်း၊ ဟိုပုံး၊ ရွှေညောင်၊ ရပ်စောက်၊ ဆီဆိုင်၊ ပင်းတယ၊ အောင်ပန်း၊ မင်းဘူး၊ မိတ္ထီလာ၊ ရေတာရှည်၊ မုံရွာ၊ ပျော်ဘွယ်၊ မှော်ဘီဒေသတို့မှ လာရောက် တက်ရောက်ကြကြောင်း သိရသည်။


သတင်း - အင်းသားလေး(တောင်ကြီး)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)