ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်း ဆွေးနွေး ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်


ကျိုက်လတ်၊ နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရွှေဝါလတ် ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဌာနဆိုင်ရာများအနေဖြင့် ရုံးလုံခြုံရေး အထူးကရုပြုဆောင်ရွက်ရေး၊ တက္ကသိုလ်၊ ကောလိပ်ဒီဂရီ ကောလိပ်ကျောင်း သား‌ကျောင်းသူများကာကွယ်ဆေးထိုးနှံနိုင်ရေး၊ အသက်၁၂နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူများ ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေးဆက်လက်ဆောင်ရွက်ရန်၊ အသက်၁၈နှစ် အထက်ပြည်သူများ၊ ဝန်ထမ်းမိသားစုဝင်များကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံကြရန် ၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရဲမင်းက မြို့အဝင်လုံခြုံရေး ပူး‌ပေါင်းဂိတ် ဂျူတီကျသည့် ဌာနဆိုင်ရာများအနေဖြင့် လစ်ဟာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် ၊ရုံးဌာန များ လုံခြုံရေးကိစ္စများ အထူးဂရုပြုဆောင်ရွက်ရေး ဆွေးနွေးမှာကြားခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ဌာနတစ်ခုချင်းအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

သတင်း - ဌေးဌေးလှိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)