တံတားဦး၊ နိုဝင်ဘာ ၁၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာ ရေး ကျောင်းများမှ ပညာသင်ကြားလျက်ရှိသော အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၇၇၃) ဦးကို စုရပ်အသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးကြောင်း တံတား ဦးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
တံတားဦးမြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးရသေးသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ကြီးကြပ်ဆောင်ရွက်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက အဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းထားပြီး ကာကွယ် ဆေး ထိုးနှံရန် (၄) နေရာခွဲ၍ ဆောင်ရွက်ထားကြောင်း ယခုကဲ့သို့ ကာကွယ်ဆေးထိုးနှံခြင်း အားဖြင့် ဆေးထိုးပြီး ကလေးများအနေဖြင့် ရောဂါကို စိုးရွံ့မှုမရှိဘဲ ပညာသင်ကြားနိုင်ပြီး၊ ကလေးများ အချင်းချင်းကြားတွင် ရောဂါ ဖြစ်ပွားမှုကို ဟန့်တားကာကွယ်ထိန်းချုပ်နိုင်ပြီး စသင်ကျောင်းမှတစ်ဆင့် ပြည်သူများသို့ ရောဂါ ကူးစက် ပျံ့နှံ့မှုကိုလည်း ကာကွယ်နိုင်ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ကာကွယ်ဆေးထိုးရန် အခြေခံပညာ အထက်တန်းကျောင်းသား၊ ကျောင်းသူ (၅၀၉) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၂၆၄) ဦး၊ စုစုပေါင်း (၂၇၇၃) ဦး ပြီးစီးပြီး ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မွန်ထံမှ သိရသည် ။
သတင်း - ရဲတင့်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment