တရုတ်နိုင်ငံထုတ် Sinopharm နှင့်‌ Sinovac ကာကွယ်ဆေးများကို ဗြိတိန်နိုင်ငံ၌ခွင့်ပြုပေးသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်နိုင်ငံထုတ် Sinopharm နှင့်‌ Sinovac ကာကွယ်ဆေးများကို ဗြိတိန်နိုင်ငံ၌ခွင့်ပြုပေးသွားမည်



လန်ဒန်၊ နိုဝင်ဘာ ၁၁

ဗြိတိန်နိုင်ငံအစိုးရက ယခုလနှောင်းပိုင်းတွင် WHO မှ ထုတ်ပြန်ထားသည့်အရေးပေါ်သုံးစွဲရန်ခွင့်ပြုထားသော COVID-19 ကာကွယ်ဆေးများစာရင်းအတိုင်း အသိအမှတ်ပြုသွားမည်ဖြစ်ရာတရုတ်နိုင်ငံထုတ် Sinopharm နှင့်‌ Sinovac ကာကွယ်ဆေးများကိုလည်း ဗြိတိန်နိုင်ငံ ပြည်တွင်းခရီးသွားသူများအတွက် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 

အဆိုပါ အပြောင်းအလဲသည် နိုဝင်ဘာ ၂၂ ရက်တွင်စတင်မည်ဖြစ်ပြီး ဗြိတိန်နိုင်ငံတွင်း ခရီးသွားလာသူများအနေဖြင့် တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများအားလုံးကို ကာကွယ်ဆေးအပြည့်ထိုးနှံပြီးဖြစ်သူများအဖြစ် သတ်မှတ်ပေးသွားမည်ဟုဆိုသည်။ 

ခရီးသွားလာရေးစည်းမျဉ်းများအား ပိုမိုရှင်းလင်းစေရန်လုပ်ဆောင်ထားကြောင်း အသက် ၁၈ နှစ်အောက်ကလေးများပါ နယ်စပ်တွင် ကာကွယ်ဆေးအပြည့်ထိုးနှံပေးပြီးဖြစ်သောကြောင့် ဗြိတိန်နိုင်ငံအတွင်းလာရောက်မည်ဆိုပါက သီးသန့် တစ်ဦးတည်းစောင့်ကြည့်နေထိုင်ခြင်း(self-isolating) မလိုအပ်တော့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက  နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်သည်။

သယ်ယူပို့ဆောင်ရေးဝန်ကြီး Grant Shapps က ထိုကြေညာချက်ထုတ်ပြန်ရခြင်းမှာ နိုင်ငံတကာခရီးသွားလာမှုကဏ္ဍကို ပြန်လည်စတင်မှု နောက်ခြေလှမ်းတစ်ရပ်ဟု ဆိုသည်။

ဗြိတိန်နိုင်ငံရှိ အသက် ၁၂ နှစ်နှင့်အထက် ပြည်သူ ၈၇ ရာခိုင်နှုန်းကျော်သည် ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးဖြစ်ရာ ၇၉ ရာခိုင်နှုန်းကျော်မှာ ကာကွယ်ဆေးနှစ်ကြိမ် စလုံးထိုးနှံပြီးဖြစ်ကြောင်း နောက်ဆုံးရရှိထားသည့်စာရင်းများအရသိရသည်။

တချိန်တည်းမှာပင် လူဦးရေ ၁၇ ရာခိုင်နှုန်းသည် အားဖြည့်ထပ်တိုးကာကွယ်ဆေး(သို့မဟုတ်) တတိယအကြိမ်မြောက်  ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်းသိရသည်။ 


Ref - (ဆင်ဟွာ) 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)