မိုးညှင်းမြို့၌ (၁၇)ကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၊ ရပ်ကွက်/ကျေးရွာများမှပြည်သူများနှင့် အသင်းအဖွဲ့များ၏ စုပေါင်းမဟာဘုံကထိန် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ (၁၇)ကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၊ ရပ်ကွက်/ကျေးရွာများမှပြည်သူများနှင့် အသင်းအဖွဲ့များ၏ စုပေါင်းမဟာဘုံကထိန် အခမ်းအနားကျင်းပ

 







မိုးညှင်း၊ နိုဝင်ဘာ  ၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကျင်းပသော (၁၇) ကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၊ ရပ်ကွက်/ကျေးရွာများမှပြည်သူများ နှင့် အသင်းအဖွဲ့များ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီ ခွဲက ကန်ဦးကျောင်းတိုက်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ သည်။

အခမ်းအနားတွင် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်မျာက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ဆွမ်း၊ ပန်း၊ ရေချမ်းနှင့် ဆီမီးများ ဆက်ကပ် လှူဒါန်းခဲ့သည်။ ဆက်လက်၍ ကန်ဦးကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်တရားတော် မြတ်အားချီးမြှင့် တော်မူ၍ နာယူကြည်ညိုကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဇော်ဟန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းမိသားစုများ၊ မိုးညှင်းတက္ကသိုလ်ကျောင်းမှ ဒေါက်တာမဉ္ဇူမင်းနှင့် ဆရာ/ဆရာမကြီးများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများနှင့် အသင်းအဖွဲ့များက ဆရာတော်နှင့် သံဃာတော် အရှင်သူမြတ်များထံ ကထိန်လျာ၊ ဉာတ်သင်္ကန်း၊ အခြံအရံသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြကာ ကန်ဦး ကျောင်းတိုက် ဆရာတော်ထံမှ ကထိန်အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ၍ အမျှပေးဝေခဲ့ကြသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာများမှပြည်သူများနှင့် အသင်းအဖွဲ့များမှလှူဒါန်းသည့် ကထိန်လျာ၊ ဉာတ်သင်္ကန်း၊ အခြံအရံ သင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများ၏ စုစုပေါင်းတန်ဖိုးငွေ ကျပ်(၇၆၄၅၅၀၀)သိန်းတို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်း - ဇွဲသူရအောင်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)